Episode 10

938 119 10
                                    

                  [Unicode]​

"Unnie​ရဲ့ဂျယ်ဂျူကအလုပ်တွေကပြီးသွားပြီ
ကျောင်း​ပြန်ဖွင့်ဖို့က1လနီးပါးလိုသေးတယ်မလား Youngie....."

"အင်း..... ဟုတ်တယ်လေ....."

"Unnieနဲ့ခရီးတစ်ခုလောက်သွားရအောင်......."

"ချက်ချင်းကြီးလား......."

"အင်း....... ဆိုးလ်ပြန်ရောက်ရင်​Unnieကလည်းအလုပ်တွေရှုပ်မှာ
Youngieကလည်းကျောင်းနဲ့
အဲ့တာကြောင့်ခရီးတစ်ခုလောက်အားတုန်း
သွားချင်လို့............"

"Youngieဒီကိုရောက်တာမှ5ရက်လောက်ပဲ
ရှိသေးတယ်​ ချက်ချင်းကြီးပြန်ဖို့က.....​"

"OK .......တို့မနက်ဖြန်လေယာဥ်လက်မှတ်ဖြတ်တော့မှာ မသွားဘူးဆိုတော့လည်း ဆိုးလ်တန်းပြန်တာပေါ့...."

Jennieရဲ့စကားပြောပုံကချက်ချင်းပြောင်းသွားပြီး
အခန်းထဲထဝင်သွားတယ်။

*အားရှီး...... စိတ်ဆိုးသွားပြန်ပြီထင်တယ်....... *

သူတို့နှစ်ယောက်ချစ်သူဖြစ်တဲ့5ရက်အတွင်း
Chaeyoung​ကJennieကိုချော့ရတဲ့
အခေါက်ပေါင်းမနည်းJennieအကြီးဖြစ်ပေမယ့်
Chaeyoungအပေါ်ဆိုးလာသည်။
စိတ်ကောက်တဲ့ကိစ္စကတော့ Chaeyoung​သူနားမနေတာ သူနားမရှိတာ သူ့ကိုထားပြီးအခြားအလုပ်
လုပ်နေတာ​ စသဖြင့်ကလေးလိုဆိုးနေခြင်းသာဖြစ်သည်။
Chaeyoung​ကအငယ်ဖြစ်ပေမယ့်Jennieစိတ်ဆိုး
ရင်မနေတတ်သူမို့ သူဖြစ်ချင်သမျှလိုက်ရောပေးသည်။

အရင်တုန်းကJennieနဲ့အခုJennie​လုံးဝကိုမတူပေ
အရင်က​ Chaeyoung​ရဲ့မိတ်ဆွေJennieက
အရမ်း​လူကြီးဆန်တဲ့ပုံစံမျိုး
အခုChaeyoungရဲ့ချစ်သူဖြစ်သွားတဲ့Jennieက
တော့တကယ့်ကလေးဆိုးကြီးပင်။

"Unnie......."

Chaeyoung​အခန်းတံခါးခေါက်နေပေမယ့်
Jennie ဆီက​ အဖြေပြန်မလာ.....​

"Unnie.....စိတ်ဆိုးမနေနဲ့တော့ကွာ....
သွားရအောင်...... ခရီးကို....."​

Chaeyoung​ဆီကခရီးသွားမယ်လို့ကြားရသည်နှင့်
တစ်ပြိုင်နက်အခန်းတံခါးပွင့်လာပြီး

"ဒါမှUnnieရဲ့Youngie....."​

                      ×××××
ဒီလိုနဲ့Chaeyoungတစ်ယောက်​ အန်တီParkကို
ကျောင်းအကြောင်းပြပြီး ပြန်မယ်ပြောကာ ပြန်လာသည်။
ထို့နောက်​Jennieရွေးလိုက်တဲ့ခရီးစဥ်က အချစ်ရဲ့မြို့တော်လို့တင်စားရတဲ့ Parisကိုပါပဲ။

Jejudo's​ Story Where stories live. Discover now