Episode 15

931 116 3
                                    

[Unicode]

ကင်မရာမီးတွေတစ်ဖြတ်ဖြတ်နဲ့ များလှတဲ့လူတွေ
ခန်းမကြီးရဲ့အရှေ့တည့်တည့်မှာ ရေးထားတဲ့​ဆိုင်းပုဒ်က

"သတင်းစာရှင်းလင်းပွဲ"

စင်ပေါ်ကိုတက်လာသူက​ အနက်ရောင်တောက်တောက်
ကိုဝတ်ဆင်ထားတဲ့ Jennie Kim.....

Micရှေ့မှာရပ်လိုက်ပြီး​ ဝတ်ထားတဲ့​sunglassကို
ချွတ်ကာ သူ့အရှေ့မှာ သတင်းယူဖို့စောင့်နေတဲ့လူတွေကို
ခေါင်းကိုအနည်းငယ်နှိမ့်ပြီး နှုတ်ဆက်လိုက်တယ်။

"ကျွန်မ​Jennie Kim ဖြစ်ပါတယ်။
အခုတစ်လောထွက်ပါနေတဲ့​ ကျွန်မမှာ​မိန်းကလေးချစ်သူ
ရှိနေတယ်ဆိုတဲ့သတင်းတွေအပေါ်​ဖြေရှင်းချက်ပေး
သွားမှာပဲဖြစ်ပါတယ်။

ကျွန်မက​ လွန်ခဲ့တဲ့​တစ်နှစ်​နီးပါး​က​ HeJu ကုမ္မဏီရဲ့သားဖြစ်သူ​Lee Ji​ Hoonနဲ့တရားဝင်လက်ထပ်ခဲ့ပါတယ်။
အခု​အချိန်​ထိလည်း​ကျွန်မတို့​အိမ်ထောင်ရေးဟာကောင်းမွန်နေဆဲပါပဲ။
သတင်းတွေထွက်နေတဲ့ကျွန်မမှာမိန်းကလေးချစ်သူရှိတယ်ဆိုတဲ့ သတင်းဟာအမှားသာဖြစ်ပါသည်။
ကောလဟာလသတင်းမှာပါတဲ့ပုံထဲမှာ ကျွန်မနဲ့အတူရှိနေတဲ့သူက​ ကျွန်မတို့​Dongguk
တက္ကသိုလ်​က​ကျောင်းသူတစ်ဦးဖြစ်ပြီး ကျွန်မရဲ့နောက်တည်ထောင်မယ့် အနုပညာကုမ္မဏီမှာ
ပွဲဦးထွက်ပေးဖို့ ယာထားတဲ့မိန်းကလေးပဲဖြစ်ပါတယ်။
သူနဲ့ကျွန်မဟာအနည်းငယ်ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ပါတယ်။
သူနဲ့​ကျွန်မ​ အတူရှိနေတဲ့ပုံက ကော်ဖီဆိုင်မှာစကားပြော
နေတဲ့ပုံတွေသာအမှန်ဖြစ်ပြီး ကျန်တဲ့shoppingထွက်တဲ့ပုံတွေ
ကျွန်မကားပေါ်တက်တဲ့ပုံတွေဟာ editထားတာတွေ
သာဖြစ်ပါတယ်လို့ပြောကြားချင်ပါတယ်။
ကျွန်မနဲ့ အဆိုပါကျောင်းသူအပေါ်​ သတင်းအမှားဖြန့်သူများ​ ထိခိုက်အောင်ပြောဆို
သူများကိုအသေရေဖျက်မှုနဲ့တရားစွဲဆိုသွားမှာပါပဲ
ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်.... "

Jennieပြောပြီးပြီချင်း စင်ပေါ်ကဆင်းခါနီး
အနောက်ဆုံးမှထိုင်နေတဲ့ သတင်းသမားကထရပ်လိုက်ပြီး

Jejudo's​ Story Where stories live. Discover now