Episode 16-Last Episode

1.4K 136 26
                                    

                 [Unicode]

"Soo... နင်သတင်းတွေ့ပြီးသွားပြီလား..."

"ဘာ​ကိုလဲ..."

" Jen Unnieရဲ့အမျိုးသားကားမှောက်ပြီးဆုံးသွားတယ်တဲ့"​

"ဘာ..."

-​ စျာပန -

စျာပနပွဲကို Chaeyoung​ကJisooနဲ့အတူ
လာခဲ့တယ်​ သူ့ကိုဂါရဝပြုရင်း

စျာပနအထိလာပြီးမျက်နှာပြောင်တိုက်တယ်လို့မထင်ပါနဲ့
စိတ်ရင်းနဲ့တောင်းပန်ချင်ခဲ့ပါတယ်။
ဘယ်​လိုပဲ​ဖြစ်ဖြစ်​ရှင့်ရဲ့တရားဝင်ဇနီးနဲ့ဖောက်
ပြန်​မိခဲ့တယ်လေ။ ကောင်းရာမွန်ရာကိုသွားပါ။

Chaeyoung​စိတ်ထဲကနေ
တောင်းပန်ကာထွက်လာခဲ့တယ်။

Chaeyoung​နဲ့Jisooရောက်နေတာကို Jennie
မမြင်ပါဘူး။ Chaeyoung​တို့ဂါရဝပြုတဲ့အချိန်
Jennieကအခန်းထဲမှာရှိမနေဘူး။

ခဏကြာတော့​Chaeyoung​Jennieကိုကျန်ရစ်သူမိသားစုတွေနေတဲ့နေရာမှာထိုင်နေတာတွေ့တယ်။

"ငါတို့​ပြန်ကြ​မလား​Chaeng.."

"အင်း... ပြန်မယ်..."

Jenneကိုနှုတ်မဆက်တော့ဘဲသူတို့ပြန်လာခဲ့ကြတယ်။
အပြန်လမ်းမှာ​တစ်ခုခုကိုတွေးနေတဲ့Chaeyoungကို
Jisooကကားမောင်းရင်း

"နင်ဘာတွေတွေးနေတာလဲ..."

"Jen Unnieဝမ်းနည်းနေပုံပဲ၊ မျက်လုံးမှာလည်းမျက်ရည်စတွေတွေ့တယ်..."​

"နင်ကအဲ့လိုထင်တာလား.. ငါတော့ မထင်ဘူး
သူချစ်လို့ယူထားတဲ့လူမှမဟုတ်တာ
ပြီးတော့​Lee Ji​hoonသေရင် အကျိုးအရှိဆုံးကသူလေ"​

"နင်အဲ့လိုမပြောပါနဲ့....Jen Unnie​က​အဲ့လောက် အကြင်နာတရားမရှိတဲ့လူမဟုတ်ပါဘူး....
ငါကိုသူ့အိမ်ပို့ပေးပါ...."

"ဒီပုံဆိုရင်တော့ နင်​ငါနဲ့​ဆွစ်ဇာလန်လိုက်ဖို့အစီအစဥ်မရှိတော့တဲ့ပုံပဲ
Lee Jihoonလည်းမရှိတော့ဘူးဆိုတော့
နင်တို့​အတွက်ပိုကောင်းတာပေါ့..."​

"Soo!!!!!....
နင်​အဲ့လို​မပြောနဲ့​အဲ့ကိစ္စ​အတွက်​ငါ့မှာအဖြေတစ်ခုရှိပြီးသား"

Jejudo's​ Story Where stories live. Discover now