Episode 3

750 102 0
                                    

                      [Unicode]

ဒီအချိန်အထိ မီးမပိတ်သေးတော့ သူများတစ်ခုခု
ဖြစ်နေသလားလို့Chaeyoung
စိတ်ပူမိသွားသည်။

"နေပါအုံး သူ့အခန်းနံပါတ်ကဘယ်လောက်လဲ
စဉ်းစားစမ်း စဉ်းစားစမ်း"

ဟိုစဉ်းစား ဒီစဉ်းစားရင်းနဲ့စားပွဲကပေါ်က
စာရင်းစာအုပ်ကိုတွေ့တော့ အားရဝမ်းသားနဲ့
လှန်လျောရှာတော့တာပဲ

"အာ​ တွေ့ပြီJennie Ruby Jane Kim"

သူရှိတဲ့အခန်းရဲ့ ဖုန်းလိုင်းကို အမြန်မှတ်ယူပြီး
ဆက်သွယ်ဖို့ကြိုးစားမိတယ်။

"ကလင် ကလင် ကလင်"

ညကြီးသန်းခေါင် ထမြည်လာတဲ့Hotelရဲ့လိုင်း
ဖုန်းကြောင့် ကျမနိုးလာမိတယ်

"Hello...."

"Jennie Unnie လား?"

"ဘယ်သူလဲမသိဘူး....."

" ChaeပါChaeyoung..."

"Chaeyoung?....."

ကျမနာရီကိုတစ်ချက်လှမ်းမော့ကြည့်လိုက်တော့
အချိန်ကမနက်3နာရီထိုးခါနီးလောက်

"ဒီအချိန်ကြီးဘာကိစ္စရှိလို့လဲ.…...."

" Unnieအခန်းကမီးဖွင့်ထားတော့ တစ်ခုခုများ
ဖြစ်လို့လားလို့"

"အာ မဟုတ်ပါဘူး Unnieက မီးပိတ်မအိပ်တတ်လို့"

"အော် ဒါဆို နှောက်ယှက်မိပြီ။"

"ရပါတယ် စိုးရိမ်ပေးလို့ ကျေးဇူးပဲကလေး
Good Nightနော်"

"ဟုတ်ကဲ့ Good Night"

*ကလေး ကလေးတဲ့လား*

သူမရဲ့ကလေးလို့ခေါ်လိုက်တဲ့အသံဟာ
Chaeyoungရဲ့ရင်ခွင်ထဲမှာနွေးကနဲပဲ......
ဒီလိုနဲ့အချိန်တွေဟာမြန်ဆန်လွန်းပါတယ်။
3ပတ်ဆိုတဲ့အချိန်ကခဏလေးနဲ့ပြီးဆုံးသွားတယ်
Chaeyoungခြံထဲမှာ သစ်ပင်ရှင်းနေတုန်း
ကားအကောင်းစားတစ်စီးခြံထဲမောင်း
ဝင်လာတယ်။

ဧည့်သည်ထင်လို့Chaeyoungကားဆီသို့
လျှောက်နေတုန်း
Motelအပေါက်ဝမှာ ရပ်နေတဲ့Jennieဆီကို
ကားပေါ်က ကားမောင်းသူက ပြေးဆင်းပြီး
Jennieရှေ့ကLaggageကိုပြေးယူလိုက်တယ်။
ပြီးတော့Jennieက Chaeyoungဆီကို
တည့်ကြီးလျှောက်လာခဲ့တယ်။

Jejudo's​ Story Where stories live. Discover now