[Unicode]
"အထဲမှာမနေဘူးလား Chu"
"မနေချင်ပါဘူး...."
"ထမင်းရောသေချာစားလာရဲ့လား..."
"သူတို့ကိုမြင်ရတာစားချင်စိတ်မရှိလို့..."
"ရား နင်အစာမစားလို့မရဘူးလေ
ဒီမှာပဲစားတော့....."Chaeyoungပွစိပွစိနဲ့ သူ့အတွက်ချပေးထားတဲ့
ညစာနဲ့အချိုပွဲတွေကို Jisooဘက်ချပေးလိုက်တယ်။"သေချာစားပါ...…. "
Jisooရယ်မိသွားတယ်......
သူ့ကိုယ်သူသိလိုက်သည်။ ဒီလိုရယ်မိခြင်းက
သူမအတွက်ပထမအကြိမ်ပင်ဖြစ်သည်။
ထို့နောက်Jisooစားစရာကိုဆက်စားရင်း
Chaeyoung Jisooစားတာကြည့်ရင်း
သူပုစွန်မစားတာသတိထားမိသည်။" ပုစွန်မစားဘူးလား..."
"အင်း မကြိုက်ဘူး..."
*Jennie Unnieက ပုစွန်ကြိုက်တာ
ဟိုတစ်ခေါက်ကသေချာကင်ကျွေးလိုက်ရမှာကို*ဒီလိုနဲ့ထိုညစာစားပွဲပြီးဆုံးခဲ့သည်။
JennieကChaeyoung
ကိုလုံးဝမနှုတ်ဆက်သည့်အပြင်မသိတဲ့လူလိုဆက်ဆံခဲ့သည်။ထို့အတွက် Chaeyoungတကယ်စိတ်မကောင်း
Chaeyoungတို့အပြန်လမ်းတွင်
ဆိုင်တစ်ဆိုင်မှာတစ်ခုခုထိုင်စားခဲ့သေးသည်။Chaeyoungနဲ့Jisooတို့အိမ်ရှေ့မှာကားရပ်ခါနီး
Jisooရဲ့ အိမ်ရှေ့မှာ ကားတစ်စီးပိတ်ရပ်ထားလေသည်။
ကားရှေ့တွင်ရပ်နေသူက အမှောင်ထဲတွင်
ငွေရောင်အဝတ်အစားများကြောင့်ပို၍
လင်းလတ်နေသောကြောင့် သူတို့နှစ်ယောက်
Jennieမှန်းချက်ချင်းသိလိုက်ကြသည်။
အေးဆေးနေသောJisoo၏ မျက်နှာသည်
ချက်ချင်းပင် ခက်ထန်သွားသည်။"Chu ငါသွားလိုက်အုံးမယ်....."
"မသွားနဲ့....."
"ခဏလေးပါနော်....."
Jisooတားသမျှနားမဝင်ဘဲJennieဆီ
သူပြေးသွားခဲ့သည်"Unnie... ဘာကိစ္စလဲ.."
"တွေ့ချင်လို့....."
Jennieကိုကြည့်ရတာ ညစာစားပွဲတုန်းက
သောက်ထားတဲ့အရှိန်အပြင်ထပ်သောက်ထား
သေးပုံရသည်။