၃ - နာကျင်မှုနှင့် ချစ်ခြင်းမေတ္တာအစပျိုးခြင်း

264 70 20
                                    

မင်ယီကို မိတ်ကပ်ပြင်ပေးရသည်မှာ အတွေ့အကြုံသစ်ဖြစ်သည်။ ချင်းရွှမ်သည် ကျောင်းကထဲက မိန်းကလေးကဲ့သို့ ဝတ်ဆင်ရသည်ကို သဘောကျသည်။ ထူးထူးခြားခြား အကြောင်းရင်းရှိ၍ မဟုတ်ဘဲ သူနှင့် လိုက်ဖက်သည် ဟုထင်သောကြောင့်ပင်။ ထိုအတွက်လည်း ကျောင်းတွင် မကောင်းပြောခံရသော် လည်း သူက မမှု။ သူဝါသနာပါရာကို ဆက်လက်လုပ်ဆောင်သည်။ ချင်းရွှမ်၏ မိန်းကလေးကဲ့သို့ ဝတ်ဆင်သော ဆိုရှယ်မီဒီယာ အကောင့်သည် ကြည့်ရှုသူများစွာရှိ၏။ ယခုတော့ မင်ယီနှင့်ပါ တွဲတင်နိုင် တော့မည်ဟု တွေးရင်း ချင်းရွှမ်ပြုံးလိုက်မိသည်။

"ဘာရယ်တာလဲ။ တော်တော်ရယ်စရာ ကောင်းနေလား"

"ဟာဗျာ မင်ရှုန်းကလည်း။ ကျွန်တော့်ဟာ ကျွန်တော် သဘောကျစရာတစ်ခု တွေးမိလို့ပါ။ မင်ရှုန်း မျက်မှောင်ကြီး မကျုံ့ထားနဲ့လေ။ မိတ်ကပ်လိမ်းရတာ အဆင်မပြေတော့ဘူးဗျ"

မင်ယီက လက်ပိုက်ထားပြီး မကျေမနပ်ရှိနေဆဲ။ ထို့ကြောင့် ချင်းရွှမ်လည်း ဆက်ပြောမနေတော့ဘဲ သူ တတ်ကျွမ်းသလို မှုန်ခြယ်ပေးလိုက်သည်။ မင်ယီ့မျက်လုံးကို ခြယ်သသောအခါ မျက်နှာချင်းနီးကပ်စွာ တည်ရှိမိကြ၏။ စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို ရင်ဖိုမိကြောင်းတော့ ချင်းရွှမ်သာ သိလေသည်။

"မင်ရှုန်း မျက်လုံးပိတ်ထားစမ်းပါဗျာ"

"မင်း ဘာပေါက်ကရတွေလုပ်မလဲ ငါကြည့်ဖို့လိုတယ်"

"မင်ရှုန်း ကြည့်နေရင် ကျွန်တော် မနေတတ်ဘူးဗျ"

"ဪ မိန်းကလေးလိုဝတ်နေရတာကျ နေတတ်တယ်ပေါ့"

"မင်ရှုန်းကလည်း ..မင်ရှုန်းကတော့ အနည်းဆုံး ကျွန်တော့်ကို အားပေးရမှာပေါ့"

"စာရေးဆရာ ဆိုပြီး အခုထိ စာတစ်လုံးမှ ရေးတာလည်းမတွေ့။ ငါ အလုပ်လာလျှောက်မိတာ မှားပြီလား"

"မမှားပါဘူး။ အခု မိန်းကလေးလို​ပြင်ဆင်တာကလည်း စာရေးဖို့အတွက်ပဲလေ။ မင်ရှုန်းကို ပြောပြမယ်"

လက်ထဲမှ မိတ်ကပ်ခြယ်သသော ပစ္စည်းများကို ချထားလိုက်ပြီး သူက မင်ယီ့ရှေ့မှာ ဝင်ထိုင်လိုက်သည်။ မင်ယီ့မျက်နှာက အတော်ပင် ပြောင်းလဲလှပနေပြီ။ ဆံပင်လေးပြင်ရန်သာ ကျန်တော့သည်။

His Blessing in Disguise [He Xuan x Shi Qing Xuan ]Where stories live. Discover now