မင်ယီသည် ရှဲ့လျန်၏ အသားလုံးကို တစ်ကိုက်ကိုက်ပြီးနောက် တစ်ညလုံး သတိမေ့နေခဲ့၏။ ချင်းရွှမ်မှာ ညလုံးပေါက် ပြုစုပေးနေရသဖြင့် ပင်ပန်းလှပြီ။ ထို့ကြောင့် မင်ယီ သတိရလာလျင်တော့ဖြင့် ကောင်း ကောင်း ဆူပူပစ်ဦးမည်ဟု တွေးထား၏။ သူ အတန်တန်တားနေသည့်ကြားမှ အစားမက်ချင်ဦး ဟုလည်း ပြောလိုက်ချင်သည်။
သို့သော် မင်ယီ အစားမက်သည်ကို သူ့မှာ အပြစ်မတင်ရက်နိုင်ပါ။ ထိုနောက်ကွယ်မှ အကြောင်းအရင်းကို သူသိပြီးသားပေပဲ။ မင်ယီ့ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအထပ် ထပ် အပြင် ကြမ်းတမ်းလှသော လက်ကို ကိုင်ကြည့်ရင်း သက်ပြင်း အကြိမ်ကြိမ်ချမိပြန်သည်။ ချစ်ရသူ၏ ကြမ်းတမ်းလှသော ဘဝကို တွေးရင်း သူ မျက်ရည်ဝိုင်းရပြန်၏။
"မင်ရှုန်း.. ကျွန်တော် ကတိပေးတယ်။ မင်ရှုန်းကို နာကျင်မှုတွေဆီကနေ ကာကွယ်မယ်။ ကျွန်တော်က မင်ရှုန်းအတွက် ကောင်းချီးမင်္ဂလာလေးတစ်ခုဖြစ်ပေးမယ် သိလား"
သူ မင်ယီ့ရင်ခွင်ထဲတွင် လှဲအိပ်ချလိုက်မိပြီးနောက် သိပ်မကြာခင်ပဲ အိပ်ပျော်သွားပါတော့သည်။
==============================================================================
နောက်နေ့ နံနက်တွင်တော့ မင်ယီသည် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေရှာသော ကောင်လေးကို တွေ့လိုက် ရသောအခါ မြတ်မြတ်နိုးနိုး ပွေ့ဖက်မိရင်း ပြုံးနေမိသည်။ ထိုဖြစ်အင်သည် ကြာရှည်မခံလိုက်ပါ။ ဟွားချန် က တံခါးမခေါက် ဘာမခေါက်ဖြင့် ဝုန်းဆို ဝင်ချလာ၍ ဖြစ်သည်။
"သူဌေး ဟွား.. ခင်ဗျား ဘယ်လောက်ပဲ ကျွန်တော့်အကြွေးရှင်ဖြစ်ဖြစ်လေဗျာ။ ကျွန်တော်တို့ကို အားနာမှု ရှိပါဦး"
"ရှိစရာလား။ မင်းတို့ကို အိမ်ပေါ်က ကန်မချသေးတာ ကံကောင်းတယ်မှတ်ပါ။ အခု လာနှိုးရတာက ကိုကို က မနက်စာစားမယ်ပြောခိုင်းလို့ရယ်၊ မြို့ထဲ လျှောက်လည်ကြမယ် ပြောလို့ရယ် လာပြောတာ"
"ဟို ကျွန်တော်တို့ မစားဖြစ်လောက်..."
ဟွားချန်၏ စူးရှသောအကြည့်ကြောင့် သူ့မှာ ပြန်မပြောရဲလောက်အောင် ဖြစ်သွားရသည်။
YOU ARE READING
His Blessing in Disguise [He Xuan x Shi Qing Xuan ]
FanfictionModern AU of Tian Guan Ci Fu's side couple 2 Xuan (He Xuan x Shi Qing Xuan) All credits to TGCF Author - Mo Xiang Tong Xiu