၁၀ - အချစ်စစ်မှန်သောကြောင့် ပြန်ဆုံစည်းခြင်း

248 65 52
                                    

ချင်းရွှမ်သည် သူရင်းနှီးသော ကိုယ်သင်းနံ့နှင့် သူ့ကိုနောက်မှနေ၍ ဖက်ထားသော လက်ထံမှ အမာရွတ်ကို စမ်းမိသောအခါ ရင်တဒိတ်ဒိတ်ခုန်လာသလို ကြောက်လည်း ကြောက်လာသည်။​ ထို့ကြောင့် ရှိသမျှအား နှင့် အတင်းရုန်းထွက်၍ အိမ်ပြင်သို့ ချာခနဲလှည့်ထွက်ပြေးလေတော့၏။ ဝယ်လာသော ပစ္စည်းတို့မှာ ဖရိုဖရဲပြုတ်ကျကျန်ခဲ့သကဲ့သို့ မင်ယီမှာလည်း ဝုန်းခနဲ လဲကျသွားသည်။

"ချင်းရွှမ် မသွားပါနဲ့.. ချင်း...ရွှမ်"

မျက်ရည်စများနှင့် ပြေးနေရင်းက သူ့ခြေလှမ်းများ ရပ်တံ့သွားအောင် မင်ယီ့အသံက စွမ်းဆောင်နိုင်ခဲ့ပါ သည်။ မင်ယီက လဲကျနေရာမှ ကုန်းရုန်းထလာပြီး သူ့ထံပြေးလာကာ ထွက်ပြေး၍မရအောင် တင်းနေအောင် ဖက်ထား၏။ နှုတ်မှလည်း "မသွားပါနဲ့တော့ ချင်းရွှမ်.. ငါတောင်းပန်ပါတယ်၊ ငါ ရူးသွား လိမ့်မယ်။ ထွက်မပြေးပါနဲ့တော့ အချစ်ရယ်" ဟု တတွတ်တွတ် ပြောနေလေသည်။ ထိုလေသံ၊ ထိုစကား၊ ထိုအခြေအနေဖြင့် ချင်းရွှမ် မည်သို့ ထွက်ပြေးနိုင်တော့မည်နည်း။ ချင်းရွှမ်သည် သူ့ကိုနောက်မှနေ၍ ရုန်းထွက်မရအောင် ဖက်ထားသော လက်အစုံကို ပြန်ဖက်ထားလိုက်ရင်း လမ်းမပေါ်၌ ငိုချလိုက်တော့ သည်။

"အား... မငိုနဲ့... မငိုနဲ့လေ ချင်းရွှမ်..."

ပြောသာပြောနေသည်၊ မင်ယီမှာလည်း ငိုနေရှာသည်။ ချင်းရွှမ်သည် မင်ယီ့လက်မှဒဏ်ရာအမာရွတ်ကို ဖွဖွလေး ကိုက်လိုက်ရင်း မျက်ရည်ကျနေမိ၏။

"မင်ရှုန်းရယ် ကျွန်တော့်ကို ပစ်ထားလိုက်ပါတော့လား။ ကျွန်တော် မရှိဘဲ ကောင်းကောင်းနေလိုက်ပါ တော့လား။ ကျွန်တော့်ကို ပြစ်ဒဏ်ခတ်လိုက်ပါတော့လား"

"ငါမှ မင်းမရှိဘဲ မနေနိုင်တာ။ ငါ့ဘဝမှာ ဘာမှလိုချင်တာ မရှိတော့ဘူးလို့ ထင်ထားခဲ့ပေမဲ့ ရှစ်ချင်းရွှမ် ဆိုတဲ့ ကောင်လေးကိုတော့ ပိုင်ဆိုင်ချင်မိတယ်။ သူ့ရဲ့အပြုံးကို မြင်ချင်တယ်... ငါမင်းကို ပြစ်ဒဏ်ခတ်ဖို့ နေနေသာသာ မင်းကို နာကျင်စေမိလို့ ငါ့ဟာငါတောင် အပြစ်တင်လို့မဆုံးပါဘူး ချင်းရွှမ်ရယ်"

His Blessing in Disguise [He Xuan x Shi Qing Xuan ]Where stories live. Discover now