၂ - ခက်ခဲသော အလုပ်နှင့် မင်ရှုန်း

287 72 17
                                    


ချင်းရွှမ် မှာ ညမိုးမချုပ်ခင် အိမ်ပြန်မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ နေရာမှပင် မထနိုင်။ တစ်လစာ ဝယ်ထားသော အစားအသောက်များမှာ တစ်နပ်စာ နှစ်ယောက်စားသောက်ခြင်းနှင့် ပင် ကုန်သွားခဲ့လေပြီ။ မည်မျှသောက်သောက် မမူးတတ်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးထားခဲ့သော် လည်း မင်ယီ၏ စားသောက်ပုံကိုမူ သြချယူရသည်။ ပုလင်းခွံတွေသာ ပုံသွားသည်၊ မူးပုံလည်းမရ။

"အစ်ကိုမင်ယီ စားနိုင်သောက်နိုင်လိုက်တာဗျာ။ အားရစရာကြီး"

မင်ယီက ထိုတော့မှ စားနေတာကို ရပ်လိုက်ပြီး ခပ်တည်တည် မျက်နှာထားဖြင့် လက်ထဆေးသည်။

"ကျွန်တော်တော့ ဗိုက်လေးပြီး ထကိုမထနိုင်တော့တာဗျာ။ အစ်ကို မင်ယီ.. စားချင် ဆက်စားနော်။ ကျွန်တော်တော့ အိပ်တော့မယ်"

မင်ယီ့မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွား၏။

"မင်း... ဒီမှာ အိပ်မလို့လား"

"ဟုတ်တယ်လေ။ နည်းနည်းတော့ ကျပ်ပေမဲ့ ဒီညတော့ သည်းခံ အိပ်လိုက်နော်။ ကျွန်တော် တကယ် အိမ် မပြန်နိုင်တော့ဘူးဗျ။ ကျွန်တော့် ဗိုက်ကိုကြည့်ပါဦး"

အင်္ကျီလှန်ပြတော့ မင်ယီက စိတ်ပျက်လက်ပျက်ဖြင့် "အဲဒါကြီး ချထားစမ်းပါ" ဟု ပြောသည်။ ချထား ဆို တော့လည်း ချထားရတာပေါ့လေ။ သူ အိပ်ရန် ကုတင်ပေါ်သွားတက်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရ ၏။

"အစ်ကို မင်ယီ.. ကုတင်ပေါ်မှာပဲ အိပ်မလား။ ကျွန်တော့်မှာ အိပ်ရာခင်းတွေမရှိဘူးဗျ"

"ကိစ္စမရှိဘူး။ ငါဒီတိုင်း ကြမ်းပြင်မှာ အိပ်တတ်တယ်"

သူ ကုတင်ပေါ်မှ ထထိုင်ပြီး လက်ဝှေ့ရမ်းပြလိုက်သည်။

"မဟုတ်တာဗျာ။ လာပါ ကျွန်တော် ဘာမှမလုပ်ပါဘူး၊ ကျွန်တော်က နည်းနည်းလှိမ့်တတ်တာကလွဲလို့ အိပ်ရင် ငြိမ်ပါတယ်။ ဟောက်လည်း မဟောက်တတ်ပါဘူး။ အစ်ကိုမင်ယီ အောက်မှာအိပ်ရင် အေးမှာပေါ့။ မိုးလည်း မိထားသေးတာကို"

"ဘယ်သူက ဘယ်သူ့ကို ဘာလုပ်နိုင်မှာမို့လဲ။ မင်း စကားများနေတာရပ်ပြီး အိပ်စရာရှိ အိပ်လိုက်တော့"

His Blessing in Disguise [He Xuan x Shi Qing Xuan ]Donde viven las historias. Descúbrelo ahora