၅ - အချစ်ကြောင့် ရူးသွပ်ခြင်း

268 60 55
                                    

ခမ်းနားကြီးကျယ်လှသော ဟိုတယ်ကြီးတစ်ခုထဲသို့ ချင်းရွှမ်နှင့် မင်ယီတို့ ရောက်နေကြသည်။ စာရေးဆရာများနှင့် ထုတ်ဝေသူများ စသည့် စာပေလောက တွေ့ဆုံပွဲကြီးဖြစ်ပြီး လူများစွာ လာရောက် ကြရာ မိန်းကလေးအသွင်ဖြင့် သူတို့ကို ထူးထူးခြားခြားဂရုစိုက်နေသူမရှိ။

"ချင်းရွှမ် ငါ သွားစားတော့မယ်"

နဂိုကထဲက ဘူဖေးစားရမည်ဟု မြှူဆွယ်၍ ခေါ်လာခြင်းဖြစ်သောကြောင့် ချင်းရွှမ်သည် မင်ယီ့ကို အစား အသောက်တန်းတွင် ထားခဲ့လိုက်ရသည်။ သူကမူ ရှန်ပိန်တစ်ခွက်ကိုင်ကာ အခြားစာရေးဆရာများ၊ ထုတ်ဝေသူများနှင့် စကားလက်ဆုံ ကျနေ၏။ စာရေးဆရာ လေနတ်အရှင်၏ ကိုယ်စားလှယ်အဖြစ် မူပိုင်ခွင့်ကိစ္စများ စကားပြောနေခဲ့သည်။ ထိုစဉ်ကထဲက သူ့ကို စိုက်ကြည့်နေသော သတင်းထောက် တစ်ယောက်ကို သတိပြုမိခဲ့၏။ ထိုသတင်းထောက်သည် လူရှင်းသွားသောအချိန်တွင် သူ့နားရောက် လာကာ လာမိတ်ဆက်သည်။ ထိုသူ၏ သတင်းဌာနမှာ အတင်းအဖျင်းများဖြင့် သိက္ခာမရှိသော ဌာနပင်။

ချင်းရွှမ်ကို မိန်းကလေးဟုထင်ကာ လာကြောင်ခြင်းလည်းဖြစ်သည်။ ချင်းရွှမ်မှာ စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် ထွက်လာရန်ကြံသော်လည်း ထိုသူက အတင်းလိုက်ဆွဲနေပြန်၏။

"မိန်းမလှလေး.. နေပါဦး ဒီက စကားအကောင်းပြောချင်လို့ကို။ မင်းရဲ့သူဌေး လေနတ်အရှင်နဲ့ ပေးတွေ့ပါဦး အင်တာဗျူးကြည့်ချင်လို့"

ထိုလူက ထိကပါးရိကပါးပင် ပြောင်ပြောင်တင်းတင်းလုပ်လာသည်။ ချင်းရွှမ် တင်ပါးကို ကိုင်လိုက်ခြင်း ဖြစ်သည်။ ချင်းရွှမ် အော်တော့မည်အလုပ် အနက်ရောင်အရိပ်တစ်ခုကရောက်လာကာ ထိုလူ၏ လက်ကို လိမ်ချိုးကာ စားပွဲပေါ်ထောက်ထားလိုက်၏။

"မင်း အေးအေးဆေးဆေးနေရင်ကောင်းမယ်.. မသေချင်ရင်ပေါ့"

"မင်ရှုန်း"

ချင်းရွှမ်သည် ရင်တဒိတ်ဒိတ်ခုန်သွားပြီး ပျော်လည်းပျော်သွားသည်။

"ဘာလဲဟ မင်းတို့က ယောကျ်ားတွေလား"

မင်ယီက ထိုလူကို တစ်ချက်ကန်ခဲ့ပြီးနောက် ဘာမှမပြောတော့ဘဲ ချင်းရွှမ်လက်ကိုဆွဲကာ ခန်းမထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် အအော်ခံရပါတော့သည်။

His Blessing in Disguise [He Xuan x Shi Qing Xuan ]Where stories live. Discover now