၄ - နာကျင်မှုစီးကရက်နံ့များ

252 69 35
                                    

မင်ယီနှင့် တွေ့ပြီး တစ်ပတ်လောက်ကြာသည်အထိ ချင်းရွှမ် အိမ်ပြန်မအိပ်ဖြစ်။ လိုအပ်သော အဝတ်နှင့် ပစ္စည်းတို့လောက်သာ သွားယူလေ့ရှိသဖြင့် ကိုကြီးနှင့်လည်း မတွေ့ဖြစ်ပေ။ သို့သော် ထိုတစ်ပတ်အတွင်း ချင်းရွှမ်သည် ကိုကြီးကိုပင် မေ့နေရလောက်အောင် မင်ယီနှင့် ပျော်ရွှင်နေမိသည်။ အမှန်စင်စစ် မင်ယီ သည် သူ၏ ကစားဖော်ကဲ့သို့ပင်။ မင်ယီတွင် လုပ်စရာအလုပ်ဟူ၍ မယ်မယ်ရရမရှိ။ သို့သော် ချင်းရွှမ်သည် မင်ယီကို လက်လွှတ်မခံနိုင်တော့။ သို့နှင့် တစ်နေ့တစ်နေ့ အလုပ်မရှိအလုပ်ရှာ လုပ်သည်။

"မင်ရှုန်း... ကျွန်တော် အသစ်ရေးမယ့် ဝတ္ထုအကြောင်း စဉ်းစားကြမယ်"

"လုပ်လေ.."

"ဒီတခါ ကျွန်တော် ပင်လယ်ဓားပြတွေအကြောင်း ရေးရင်ကောင်းမလား။ မင်ရှုန်း ပင်လယ်ပြင် အတွေ့အကြုံတွေ ပြောပြပါလား"

မင်ယီ၏ မျက်စောင်းတစ်ချက်ရောက်လာတော့ သူ ဇက်ကလေးပုကာ တောင်းပန်မိသည်။

"ကျွန်တော်က မင်ရှုန်းရဲ့ နာကျင်မှုကို အသုံးချမှာမဟုတ်ပါဘူး။ နေ နေ ဒါဆို ပင်လယ်ဓားပြတွေ အကြောင်း မရေးတော့ဘူး။ ပိုင်းလော့တွေအကြောင်းပဲ ရေးတော့မယ်"

မင်ယီက ထိန်းနိုင်ပုံမပေါ်ဘဲ တစ်ချက်ရယ်လိုက်လျင် ချင်းရွှမ်ရင်ထဲမှာက ပန်းတွေပွင့်သွားရသည်။ မင်ယီ့ အရယ်အပြုံးလောက် ကြည့်ကောင်းသည့်အရာမရှိဟု သူတွေးမိသည်။

"မင်ရှုန်း.. အမြဲပြုံးနေပါလားဗျာ.. အရမ်းကြည့်ကောင်းတာပဲ"

"မင်းနဲ့ ဘာဆိုင်လဲ။ ငါ့ဟာငါ ပြုံးပြုံးမဲ့မဲ့..."

"ဘာဆိုင်လဲဆိုတော့ ဆိုင်တယ်ဗျာ။ ကျွန်တော်က မင်ရှုန်းရဲ့ သက်ဆိုင်သူဖြစ်ချင်တယ်...။ မင်ရှုန်း ပြုံးတာ အမြဲ မြင်ချင်တယ်"

ပြောပြီးမှ ချင်းရွှမ် ရှက်သွားမိပြီး တစ်ဖက်သို့လှည့်နေလိုက်မိသည်။ မင်ယီသည်လည်း နေရခက်သွား ပုံရကာ ချင်းရွှမ်ကို မျက်နှာချင်းမဆိုင်။

"ချင်းရွှမ်..."

"ဟင်..."

"ငါနဲ့ မသက်ဆိုင်ချင်နဲ့။ ငါက ကောင်းတဲ့သူမဟုတ်ဘူး"

His Blessing in Disguise [He Xuan x Shi Qing Xuan ]Where stories live. Discover now