၇ - နွေရာသီလမ်းခွဲ

236 62 33
                                    

ချင်းရွှမ်သည် ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ကိုကြီးနှင့် အတိုက်အခံပြုကာ တိုက်ခန်းတွင်ပင် မင်ယီ နှင့်အတူ နေခဲ့သည်။ မင်ယီသည် ယခုတော့ မျက်နှာတည်ကြီးနှင့် မဟုတ်တော့ဘဲ အရယ်အပြုံးများရှိလာ ကာ ချင်းရွှမ်ကို ဂရုစိုက်လာပြီ ဖြစ်သည်။ ချင်းရွှမ်သည် မိုးမမြင် လေမမြင် ပျော်ရွှင်မှု ဟူသည်ကို လက်တွေ့ ခံစားလာရသဖြင့် ကြည်နူး ကျေနပ်လျက်ရှိ၏။

"မင်ရှုန်း မင်ရှုန်း.. ကျွန်တော်တို့ မိန်းကလေးလိုဝတ်ပြီး မုန့်သွားစားရအောင်"

"လုပ်ပြန်ပြီကွာ။ ငါ သန့်စင်ခန်းဝင်ချင်တော့ကျ မင်းက လှောင်ရယ်ဦးမယ်"

"မရယ်ပါဘူး.. ကျွန်တော့်ရဲ့မင်ရှုန်းကို ကျွန်တော် တကယ် မလှောင်ရယ်ပါဘူး။ သွားကြမယ်နော် သွားကြမယ် မဟုတ်လား ဟင် ဟင် ဟင် လို့"

မင်ယီက တစ်ချက်သာရယ်ပြီး လက်မြှောက်အရှုံးပေးသည့်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ချင်းရွှမ်သည် သဘောတူညီချက်ရသည်နှင့် မိန်းကလေးလိုပြင်ဆင်ပြီး မင်ယီ့ကိုလည်း မိတ်ကပ်ပြင်ပေးနေ၏။

"မင်ရှုန်းကလေ မိန်းကလေးလိုဝတ်ရင် အရမ်း ဆွဲဆောင်မှုရှိတယ်သိလား"

"ယောကျ်ားလေးပုံစံကို မကြိုက်ဘူးဆိုတဲ့သဘောလား"

"မင်ရှုန်းတောင် အထအနကောက်တတ်လာပြီပဲ ဟားဟား။ ကျွန်တော်က မင်ရှုန်းရဲ့ ဘယ်လိုပုံစံကိုပဲ ဖြစ်ဖြစ် ချစ်တယ်"

မိတ်ကပ်လိမ်းနေရင်းနှင့် သူအသည်းယားလာသဖြင့် မင်ရှုန်းလည်ပင်းကို ဖက်ခနဲ နမ်းလိုက်သောအခါ မင်ရှုန်း က သူ့ခါးကိုဖက်ကာ ပေါင်ပေါ်ထိုင်စေရင်း ညင်သာနူးညံ့သော အနမ်းမိုးများ ရွာချလိုက်၏။ ထို့နောက်

"ကိုယ့်ရဲ့ ဘယ်ပုံစံဖြစ်ဖြစ် ချစ်မယ်ဆိုတာ တကယ်ပဲလား။ ကိုယ်က မင်ယီ မဟုတ်တော့ရင်တောင် ချစ်ဦး မှာသေချာလား ချင်းရွှမ်"

"ဒါပေါ့.. ဘယ်ဘဝရောက်ရောက်ချစ်မယ်... ကျွန်တော်က အဝေးမခံနိုင်တာမို့"

ထိုတုန်းကတော့ မင်ယီမဟုတ်တော့ရင်တောင် ဟူသည့်ကိစ္စကို ပေါ့ပြက်ပြက်သာ သဘောထားခဲ့မိပါ သည်။ ရှဲ့လျန် အကြံပေးခဲ့သော မင်ယီ၏ အတိတ်ကို စုံစမ်းရန် ကိစ္စကို ချင်းရွှမ်သည် လုံးလုံးလျားလျား မေ့နေခဲ့၏။ မင်ယီ ပြောပြသမျှနှင့် လုံလောက်ပြီ ဟုသာ ထင်ခဲ့သော ချင်းရွှမ်သည် တစ်ရက်တွင်တော့ ငရဲ ကို လက်တွေ့ခံစားလိုက်ရလေသည်။

His Blessing in Disguise [He Xuan x Shi Qing Xuan ]Donde viven las historias. Descúbrelo ahora