၁ - မိုးရွာထဲမှ လာခဲ့သောသူစိမ်းတစ်ယောက်

648 88 16
                                    

"ဒီနေ့ရဲ့ ရာသီဥတုကတော့ နေရာအနှံ့ မိုးတိမ်တောင်များဖြစ်ထွန်းပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ပါတယ်"

ရုပ်မြင်သံကြားက လွှင့်နေတဲ့ ရာသီဥတုသတင်းကို ကြည့်ပြီးနောက် ရှစ်ချင်းရွှမ်က ပြတင်းပေါက်မှ တဆင့် မိုးသည်းထန်စွာရွာနေသော အပြင်ဘက်ကိုငေးရင်း ငြီးငြူမိသည်။

"အင်း ဒီလိုအချိန်မှာ မိန်းကလေးလို ဝတ်ပြီး အပြင်သွားရင် တော်တော်ကသီမှာပဲ"

ထိုစကားမှာ မမှား။ ချင်းရွှမ် လိမ်းနေကျ မိတ်ကပ်တွေက ရေစိုမခံပေ။ ထို့ပြင် ရေစိုခံမိတ်ကပ်များနှင့် လည်း သူ့အသားအရေနုနုက အဆင်မပြေ။ သို့သော် သူက မိန်းကလေးလို ဝတ်စားပြင်ဆင်၍ အပြင်ထွက် ရသည်ကိုတော့ ကြိုက်သည်။ ထိုအကြောင်းအရာကို အများစုက နားလည်မပေးနိုင်ကြ။ အထူးသဖြင့် ချင်းရွှမ်၏ ကိုကြီး ရှစ်ဝူတု သည်ပင် နားမလည်နိုင်ပေ။

"ညီလေး.. မင်း ကိုကြီးကိုမှန်မှန်ပြော။ မင်း မိန်းကလေးလို ဝတ်ချင်ရလောက်အောင် ဘာစိတ်ဒဏ်ရာတွေ ရှိခဲ့သလဲ။ ကိုကြီးမသိတဲ့ ကိစ္စတွေရှိသေးသလား" ဟု အမြဲမေးတတ်သည်။ ထိုသို့မေးတိုင်းလည်း သူ့မှာ

"အာ ဘယ်ကလာ စိတ်ဒဏ်ရာရှိရမှာလဲ။ မိန်းကလေးလို နေရတာ အပြောင်းအလဲဖြစ်တယ်လေ။ ပြီးတော့ စာရေးဖို့ ကုန်ကြမ်းရှာတဲ့အခါ လူတွေက မိန်းကလေးတွေကို ပိုပြီး ယုံယုံကြည်ကြည် ပြောပြကြ တယ်။ ကိုကြီးရယ် လူတိုင်းက ကိုကြီးလူနာတွေလို စိတ်ဒဏ်ရာမရှိကြပါဘူး" ဟု ပြန်ဖြေမိ၏။ တကယ်ပင် သူ့မှာ စိတ်ဒဏ်ရာဟူ၍ မြူခိုးတစ်စေ့မျှပင် မရှိပေ။ ကိုကြီး၏ သည်းသည်းလှုပ် အချစ်ခံရပြီး ကြီးပြင်းလာသူအဖို့ နာကျင်မှု မပြောနှင့်၊ စိတ်အနှောင့်အယှက် ဖြစ်စရာဟူ၍ပင် မရှိ။ တစ်ချက်တစ်ချက် ကိုကြီး၏ အပေါင်းအသင်းတွေကို အမြင်ကတ်ရတာသာ ရှိသည်။

ကိုကြီးက နာမည်ကျော် စိတ်ရောဂါအထူးကု ကထိက တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်သော်လည်း ငွေ သောက်သောက်လဲဝင်သည့် ဆရာဝန်တစ်ယောက်ဖြစ်သည်။ အိမ်တွင် လူနာပြတ်သည်ဟူ၍ မရှိ။ ထို့ကြောင့်လည်း ချင်းရွှမ်က အိမ်နှင့်မနီးမဝေးတွင်ရှိသော ဤစတူဒီယိုတိုက်ခန်းကို အလုပ်ခန်းအနေနှင့် လာဝယ်ထားခြင်းဖြစ်သည်။ အလုပ်ခန်းဟုဆိုသော်လည်း အိပ်ချင်လျင် ဒီမှာပဲ​အိပ်တတ်သည်။ အများအားဖြင့်တော့ ချင်းရွှမ် အလုပ်ဟုဆိုရမည့် ဝတ္ထုများရေးသားခြင်းက ဤ တိုက်ခန်းကလေးထဲမှ ထွက်လာတာ ဖြစ်သည်။ မှန်၏။ ရှစ်ချင်းရွှမ်သည် စာရေးဆရာတစ်ယောက်ဖြစ်သည်။

His Blessing in Disguise [He Xuan x Shi Qing Xuan ]Donde viven las historias. Descúbrelo ahora