၆ - မင်ရှုန်း၏ ဖွင့်ဟဝန်ခံချက်

281 65 27
                                    

ချင်းရွှမ်သည် မှောက်မိုက်သော ရေနက်ထဲတွင် ကူးခတ်ရင်း မောဟိုက်လာသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်တွင် သူလက်လျှော့ချင်လာပြီ။ ထိုအခိုက် ဖြူဖွေးသွယ်လျသော လက်တစ်စုံက သူ့ကို ကမ်းပေးလာ၏။ ချင်းရွှမ်သည် ထိုလက်ကို အငမ်းမရ ဆုပ်ကိုင်ကာတွယ်ဖက်ထားလိုက်သောအခါ ငါးရိုးပုံစံ တက်တူးတစ်ခုကို အရင်သတိပြုမိပြီးနောက် ထိုအောက်ရှိ အမာရွတ်ကို စမ်းမိလိုက်သည်။ ထိုလက်သည်.....

"မင်ရှုန်း..."

"ချင်းရွှမ် သတိရလာပြီလား။ ငါ့ကို မှတ်မိလားဟင်"

မောဟိုက်စွာ နိုးထလာပြီးနောက် မြင်ကွင်းကသိပ်မရှင်းလင်း။ ဖြူလွလွအရောင်များကြောင့် ဆေးရုံတစ်ခု ဟုတော့ သူသိနေသည်။ ထို့နောက် သူ့လက်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည့် လက်တစ်စုံကို ခံစားမိ၏။ ကြမ်းရှရှ လက်တစ်စုံ။ အေးစက်သော်လည်း သူ့အတွက်တော့ အနွေးထွေးဆုံးလက်တစ်စုံ။

"မင်ရှုန်း.."

ကျွန်တော့်ကို စိတ်ဆိုးနေသေးလားဟင် ဟု မေးချင်သော်လည်း အသံက မထွက်။ ရင်ဘတ်ထဲမှ စူးအောင့် နေသည်။ သူ မင်ရှုန်းလက်ကိုသာ အငမ်းမရ ဆုပ်ကိုင်ထားမိ၏။

"ငါရှိတယ်နော်.. ငါရှိတယ်။ မင်း ဘာလိုချင်လို့လဲ ချင်းရွှမ်"


"ကိုကြီး... ကိုကြီးကို.....ဖုန်း.."

မင်ယီ့မျက်နှာက တင်းမာသွားသော်လည်း သူ့ဖုန်းကိုယူကာ ရှစ်ဝူတုကို သွားဆက်ပေးသည်။ အမှန်စင်စစ် သူပြောချင်သည်မှာ ကိုကြီးကို ဖုန်းမဆက်ရန်ဖြစ်သော်လည်း မင်ယီက နားလည်မှုလွဲခြင်းပင်။ မင်ယီ ပြန် ရောက်လာတော့မှ သူနေသာထိုင်သာရှိလာသည်။

"မင်ရှုန်း ဘာစားပြီးပြီလဲဟင်"

မင်ယီက သူ့ကိုစိုက်ကြည့်ပြီးနောက် "ဒီသောက်ရေးမပါတာတွေတောင် မေးနိုင်နေပြီဆိုတော့ မင်း နေကောင်းနေပြီပဲ။ မင်းအစ်ကိုလည်း ရောက်လာတော့မှာဆိုတော့ ငါသွားတော့မယ်"

ချင်းရွှမ်သည် အလန့်တကြားဖြင့် မင်ယီ့လက်ကိုဆွဲထားပြီး ဆေးရုံကုတင်မှ ဆင်းကာ

His Blessing in Disguise [He Xuan x Shi Qing Xuan ]Where stories live. Discover now