၈ - အဝေးသို့ ထွက်ပြေးခြင်း

238 63 36
                                    

ဖေမင်က ချင်းရွှမ်ကို ဆေးရုံသို့ ပို့ပေးမည်လုပ်သော်လည်း ချင်းရွှမ်သည် အိမ်သို့သာ တန်းလာခဲ့ သည်။ အိမ်ရောက်သည်နှင့် လဲကျသွားသဖြင့် ရှစ်ဝူတုက ပြေးပွေ့၏။

"ညီလေး.. ဆေးရုံ သွားမှဖြစ်မယ်"

"ဟင့်အင်း... ဘယ်လိုဖြစ်တာလဲ အရင်ပြောပြပါ ကိုကြီး။ သူ့ အကြောင်း..."

ချင်းရွှမ်သည် ဤအခြေအနေမှာပင် "သူ" ဟူသည့်လူကို ဂရုစိုက်နေသေးကြောင်း တွေ့ရသည့်အခါ ရှစ်ဝူတု နှင့် ဖေမင်မှာ ခေါင်းခါလိုက်မိသည်။ သို့သော် အရင်ဆုံး ချင်းရွှမ်ကို အခန်းထဲတွင် လှဲနေစေပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြရ၏။

"သူ့အကြောင်းစုံစမ်းရင်း သိလာရတာက သူ့နာမည်က ဟယ့်ရွှမ်။ ရှေ့နေလိုင်စင်စာမေးပွဲဖြေဖို့ လုပ်နေ တုန်းပဲ သူ့ညီ ချိုး ကို နှိပ်စက်တဲ့ကောင်ကို သတ်ရန်ကြံစည်မှုနဲ့ ထောင်ကျသွားတယ်။ ချိုး က အဲဒီအချိန် မှာ ကိုကြီးဆီကို လာပြနေခဲ့တာ။ ညီအစ်ကိုနှစ်ယောက်ထဲရှိတဲ့ ဘဝမှာ ဟယ့်ရွှမ်က ထောင်ကလွတ်တော့ စိတ်လေသွားပြီး ပင်လယ်ထဲကိုထွက်သွားခဲ့တယ်တဲ့။ ပိုက်ဆံသွားရှာတာပေါ့။ ချိုးက ရည်းစားနဲ့ မပြတ် နိုင်ဘဲ သူ့အစ်ကိုပို့သမျှ ပိုက်ဆံကို အဲဒီရည်းစားအတွက်ပဲ သုံးနေမိခဲ့တယ်။ နောက်တော့.... စာအုပ် တစ်အုပ် ထွက်လာခဲ့တယ်။ ချိုး တို့ရဲ့ပတ်သက်မှုအကြောင်း အတွင်းကျကျရေးထားတဲ့ အချက်အလက် အမှားတွေပါတဲ့ ဝတ္ထုပေါ့"

ထိုနေရာတွင် ရှစ်ဝူတုက စကားပြောရပ်ထား၏။ ချင်းရွှမ်လည်း သဘောပေါက်လိုက်ပါသည်။

"အဲဒါက.. လေနတ်အရှင် ရေးတဲ့..နွေရာသီလမ်းခွဲ ပေါ့"

"ဟုတ်တယ် ညီလေး။ ချိုးက မကွယ်လွန်ခင်မှာ သူ့အစ်ကိုဆီကို သေတမ်းစာပို့ခဲ့တယ်တဲ့။ သူနဲ့အတူ သင်္ဘောလိုက်ခဲ့ဖူးတဲ့ လူက ပြောပြတာ.. စာထဲမှာပါတာက ကိုကြီးက ပြောပြလိုက်လို့ ညီလေး က စာအုပ် ထုတ်ပစ်တာဆိုပြီး ရေးထားတယ်.."

"ဒါ.. ဒါဆို သူသတ်သေသွားတာ.. ကျွန်တော့်ကြောင့်..."

ချင်းရွှမ်သည် ရင်ဘတ်ကြီးပေါက်ကွဲလုမတတ် နာကျင်နေသည်။ မင်ရှုန်း၏ နာကျင်မှုတွေအတွက် တာဝန်ရှိသူမှာ သူ ကိုယ်တိုင် ဖြစ်နေခဲ့သည်။

His Blessing in Disguise [He Xuan x Shi Qing Xuan ]Donde viven las historias. Descúbrelo ahora