၉ - ဝေးချင်လျက်နှင့်.......

230 64 60
                                    

ရှစ်ချင်းရွှမ်သည် သူ့ကျန်းမာရေးအခြေအနေနှင့် တစ်နေရာကို ထွက်ပြေးရန် စဉ်းစားသောအခါ ခေါင်းထဲ ပေါ်လာသည်က ရှဲ့လျန် (အရှင့်သား) ထံသို့သာဖြစ်သည်။ ထို့ကြောင့် အင်တာနက်မှ တဆင့် မေးကြည့် သောအခါ ရှဲ့လျန်က ဝမ်းမြောက်ဝမ်းသာ လက်ခံသဖြင့် သူ ထိုအရပ်သို့ ထွက်ပြေးလာခြင်းဖြစ်၏။ လေဆိပ်ကို လိုက်ပို့သော ဖေမင်သည်ပင်လျင် သူ သွားမည့် နိုင်ငံသို့သာ သိသည်၊ မည်သူ့ထံ မည်သို့ သွား နေမည်ကို မသိ။ မင်ယီကိုလည်း မပြောပြပါရန် အထပ်ထပ်မှာပြီးမှ သူ ထွက်လာခဲ့သည်။ ခရီးလမ်း တစ်လျှောက်တွင် သူ မင်ယီကို သတိရ၍ ငိုရသည်မှာ ခဏခဏ။ အချိန်တွေ အတော်ကြာပြီး ရှဲ့လျန်တို့ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသောအခါ ပို၍ ငိုချင်သွားသည်။ အိမ်ရှင်ဖြစ်သူ ဟွားချန်က သူ့ကို မကြိုဆို။ ရှဲ့လျန်တစ်ယောက်ကတော့ ဖက်လှဲတကင်းရှိ၍ တော်သေးသည်။

"လေနတ်အရှင် ခရီးပန်းလာပုံပဲ။ မင်း ကျန်းမာရေးလည်း ကောင်းသေးတာမဟုတ်ဘူးဆိုတော့ နားလိုက် ပါဦး။ ပြီးမှ​ငါချက်ထားတဲ့ စွပ်ပြုတ်လေး မြည်းကြည့်ပေါ့"

"ကျွန်တော့်ကို ချင်းရွှမ် လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ အရှင့်သား။ ကျွန်တော်က အရှင့်သား ညီပဲပေါ့ မဟုတ်ဘူးလား"

ရှဲ့လျန်မှာ သူ့ထက် အသက်ကြီးသဖြင့် သူကတော့ အရှင့်သား ဟုပင် ခေါ်ရန် ဆုံးဖြတ်ထားသည်။ သို့သော် အရှင့်သား၏ ရည်းစားဖြစ်သူ အကောင့်တု ၄၀၀ ပိုင်ရှင် ရွှယ့်ယွီထန့်ဟွား ဟွားချန်ကမူ တစ်ဆိတ်လွန်၏။

"ဟွန့် ငါ့မှာ အဲဒီလောက် ဇယားရှုပ်တဲ့ ယောက်ဖမရှိဘူး"

"အို စန်းလန် .. ငါ ဘာမှာထားလဲ။ ငြိမ်ငြိမ်နေပါဆိုမှ"

ဟွားချန်က ပုခုံးတွန့်ပြသည်။ အားနာမိသွားသော်လည်း မည်သို့ပင် ဆိုစေကာမူ ချင်းရွှမ်သည် မျက်နှာ ပြောင်ပြောင်နှင့်ပင် ရှဲ့လျန်တို့အိမ်၌ ပျော်သလောက် နေမည် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဟွားချန် ဘာပြောပြော ခါးစည်းခံလိုက်၏။

ချင်းရွှမ် နေရသော အခန်းမှာ ကျယ်ဝန်းသန့်ပြန့်လှ၏။ သို့သော် ချင်းရွှမ်မှာမူ မင်ယီနှင့်အတူ နေခဲ့သော တိုက်ခန်းလေးကိုသာ သတိရနေမိတော့သည်။ သို့ဖြင့် အနားယူသည်ဆိုသော်လည်း အိပ်မပျော်နိုင်။ တစ်ကိုယ်ထဲ ကျန်ခဲ့ရှာမည့် မင်ယီ့ဖို့လည်း စိတ်ပူပန်၏။ ထိုသို့ နာကျင်ရသော်လည်း ထွက်လာသည်ကိုတော့ မှားသည်မမြင်ပေ။ မင်ယီ့ကို သူ အကယ်ပင် မျက်နှာချင်းမဆိုင်ရဲပေ။ မင်ယီ့ရှေ့​ဝံ့ကြွားမိသော သူ့ စာအုပ် အောင်မြင်မှုအကြောင်း တွေးတိုင်းနောင်တရသည်။ မင်ယီဆိုလျင် မည်မျှ ခံရခက်ပါမည်နည်း။

His Blessing in Disguise [He Xuan x Shi Qing Xuan ]Where stories live. Discover now