part 16

1.7K 53 9
                                        


တင်း..တောင်....တင်း...တောင်

Alarm သံကို အမြန်ပိတ်ရင်း မကို လှည့်ကြည့်တော့ တစ်ချက်ညည်းကာ ပြန်အိပ်သွားတာမြင်တော့မှ ခွန်းသ သက်ပြင်းအသာချမိသည်...
ကုတင်ပေါ်မှ အသာဆင်းကာ အခန်းတံခါးကို  အသံမမြည်အောင် ပိတ်ရင်း မီးဖိုချောင်ထဲ ဝင်ကာ မနက်စာအတွက် ပြင်ဆင်နေရင်း မ မိဘအိမ်လိုက်ရမှာ စိတ်လေးနေမိသည်...

"ခလေးလေး... ဘာတွေ တွေးနေတာလဲ... ဝါးးးး "

ပြည့် နိုးလာတော့ အခန်းထဲမှာ သူမလေးမရှိ...အိပ်ချင်မူးတူးနဲ့ လိုက်ရှာတော့ မီးဖိုခန်းထဲမှာ ငေါင်ငေါင်လေးရပ်ကာ ငေးနေသော သူမ...

ခါးသွယ်သွယ်လေးကို လက်နှစ်ဖက်ဖြင့် ယှက်သိုင်းကာ ပခုံးပေါ်မှေးတင် ပြီး မေးလိုက်တော့ လန့်သွားလို့ထင်... ခွန်းသ ကိုယ်လေးတုန်သွားသည်...ပြီးမှ လှည့်ကြည့်ကာ ခေါင်းလေးအသာယမ်းပြလိုက်တော့ ပြည့် အလိုမကျစွာ ... ဒီခလေး ဘာဖြစ်နေတာလဲ

"ခလေးမ ဘာဖြစ်နေတာတုန်း.. တို့ကို စိတ်ဆိုးနေတာလား..."

ခွန်းသကို ပြောနေရင်း ပြည့်စိတ်တွေ ရှုပ်ထွေးလာရသည်..  ဒီခံစားချက်က ဘာကြီးလဲ...  ခေါင်းထဲ တရိပ်ရိပ်နှင့် မူးဝေလာသည်..  ဒီလိုအချိန်မျိုး ဒီနေရာမှာ သူမ ....

ခါးကို ဖက်တွယ်ထားသည့် မရဲ့လက်တွေ ပြေလျော့သွားတော့ ခွန်းသလှည့်ကြည့်မိသည့်အခါ ခေါင်းကို ကိုင်ကာ ချွေးစေးတွေထွက်လျက် ယိမ်းနေသော မ ကို တွေ့သည့်အခါ ခွန်းသ ပြာယာခတ်သွားသည်...

" ..အ... အ...အုဝု...."

မ ဘာဖြစ်သွားတာလဲ.... မရေ...

စိတ်ပူကာ ဘာလုပ်ရမှန်းလဲ မသိတော့..စကားမပြောနိုင်သည့် ကို့ကိုယ်ကိုလဲ စိတ်ပျက်ရသ သည်... ယိုင်လဲ ချင်နေတဲ့ မ ခန္ဓာသွယ်သွယ်လေးကို ဆိုဖာပေါ် အသာတွဲကူချရင်း တစ်ရှူးဖြင့် ချွေးစေးများကို အသာသုတ်ပေးကာ ရေအေးအေးလေး ခပ်ပေးဖို့ ထလိုက်တော့ မက ခွန်းသ လက်ကို ဆောင့်ဆွဲပြီးပြန်ထိုင်စေကာ ဆိုဖာပေါ်သူမလှဲလိုက်ပြီး ခွန်းသပေါင်ပေါ် ခေါင်းတင်၍ မျက်လုံးများအားမှိတ်ထားလိုက်သည်....

ချစ်ရပါသော ကလေးငယ်Where stories live. Discover now