part 2

3.3K 151 2
                                    

"ဘော့စ်ရေ...မနက်၁၀နာရီ shopping mallကို လိုက်ကြည့်ရမယ်...၁၂နာရီ သင်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ပြီး မိတ်ခွန်းပြောရမယ်...နေ့လယ်ပိုင်းအားတယ်..ညနေပိုင်း စီးပွားဖက်တစ်ဦးရဲ့ဒင်နာတက်ရမယ်..."

"Wait...နေ့လည်ပိုင်းဟာ ခနနောက်ဆုတ်ပေး...မိတ်ဆွေတစ်ယောက်နဲ့ ချိန်းထားမိလို့..."

"ဟုတ်ကဲ့... အာ့ဆို ၂နာရီခွဲချိန်းလိုက်မယ်လေ...အဆင်ပြေမလား..."

"Ok..တော်သေးတယ်... မင်းအနားမှာရှိနေလို့ နို့မို့ ကို့တစ်ယောက်ထဲ ရူးမှာပဲ 😂😂..."

"ဘော့စ်က အလုပ် လောဘကြီးတာကိုး ..."

"ပြောလည်းခံရတော့မှာပဲ ဟေ့.....ငါ့ဘဝမှာ အလုပ်သည်သာ နံပါတ် တစ်ပဲ...."

"အားကိုးဖော်ရှာလိုက်ပါလား...ဘော့စ်လည်းသက်သာတာပေါ့..."

"ဟားဟားဟား... ရတီရယ်..အားကိုးဖို့အတွက်နဲ့ ယောက်ကျားယူရစရာလား ..ကို့အခြေအနေကရော သူတပါးကို အားကိုးနေရလောက်အောင် ချို့တဲ့နေလို့လား.."

"မဟုတ်ပါဘူး.. ဘော့စ်က တော်လည်းတော်တယ်...ထက်မြက်ပြီး လှလည်းလှတယ်...ဒါမဲ့ ဘာလို့ခုထိ ချစ်သူရည်းစားမရသေးတာလဲ...ဒါမမဟုတ်.."

"တော်ပြီ..တော်ပြီ...စကားများလွန်းတယ်...Shopping mall သွားရမယ်မလား..သွားရအောင်..."

ထိုအကြောင်းပြောလိုက်တိုင်း စကားလွှဲတတ်သော သူမတို့ရဲ့ ဘောစိမမကြီးကတော့ ရှေ့မှ ဒေါက်ဖိနက်သံ တစ်ဒေါက်ဒေါက်ဖြင့် ကြွကြွရွရွ လှမ်းထွက်သွားတော့သည်...

------------------------------

"ဟဲ့..အောင်ကြီး...နေ့လည်စာကျွေးမယ်ဆို ဘယ်မောင်းနေတာလဲ..."

"အေးလေ...မေမေက နင့်ကိုအိမ်ခေါ်လာတဲ့..သူကိုယ်တိုင်ချက်ကျွေးချင်လို့တဲ့..."

"ဟယ်...ငါ့ကို စောစောပြောတာမဟုတ်ဘူး...လက်ဆောင်လေးဘာလေးဝယ်လိုက်မှာပေါ့...နင်ဟာလေ..."

"ထားလိုက်ပါဟာ...ငါတို့ကြားမှာ ဒါတွေမလိုပါဘူး..မေမေက သူ့ချွေးမလောင်းကို ချက်ကျွေးချင်နေတာ..."

"အပိုတွေလာမပြောစမ်းပါနဲ့ဟာ...ငါလည်းနင့်ကို မကြိုက်ဘူး..နင်လည်းငါ့ကိုမကြိုကိဘူး....သူတို့လူကြိီးချင်းချင်း အတင်းပေးစားချင်နေကြတာ...စိတ်ပိန်တယ်.."

ချစ်ရပါသော ကလေးငယ်Where stories live. Discover now