part 11

1.6K 142 8
                                    


"တို့ ဒီည ဒင်နာတက်ရမယ်...၉နာရီလောက်ပြန်လာဖြစ်လိမ့်မယ်...ပြန်ရောက်ရင် တိကျသေချာတဲ့ အကြောင်းရင်းတစ်ရပ်ကို တို့အတွက်ရေးထားပေးပါ...တို့မေးထားနှင့်မယ်...ဖုန်းဘာကြောင့်မဆက်တာလဲ...တိုက်ခန်းသော့ပေးထားပါရက်နဲ့ ဘာလို့ သူများအိမ်သွားနေတာလဲ...နောက်ဆုံးက တို့ကို ချစ်သူတစ်ယောက်လို ချစ်ပေးနိုင်မလား ဆိုတာပဲ..မ မင်းကို ချစ်တယ် ခွန်းသ.."

ပြည့် ပြောပြီးပြီးချင်း သူမကိုကြောင်ကြည့်နေသော ခလေးမ နဖူးကို တစ်ချက်နမ်းကာ.ခပ်တည်တည် ထွက်လာခဲ့လိုက်ပြီး အခန်းပြင်ရောက်မှ သက်ပြင်းကြီးချကာ ပြုံးစိစိဖြစ် သွားရသည်...
ထို့နောက် ကို့ခေါင်းကိုထုရင်း...

"ငါဟာလေ...ဘယ်လိုတောင် ချစ်ရေးဆိုလိုက်ရတာလဲ...အာ...စိတ်ပျက်စရာပဲ...ရင်ခုန်ဖို့လဲကောင်းတယ်...အဟိဟိ...😁😁"

"အဟမ်း..MD ရှင့် အကုန်အဆင်သင့်ဖြစ်ပါပြီနော်....😁..".

ပြည့် လန့်သွားကာ မျက်နှာ အမြန်ပိုးသတ်ရင်း....

"ဘယ်ကတည်းက ရောက်နေတာလဲ..ရတီ"

"အဟီး...MD အခန်းထဲက ထွက်မလာခင်ထဲက စောင့်နေတာ...အသံပေးမလို့ပဲ...ဟိုဟာ 😁😁...."

"ရပြီ..ရပြီ...သွားချိန်နီးနေပြီမလား..သွားရအောင်...🙂..."

ပြည့် ရတီရှေ့မှ ဦးစွာ ထွက်လာပြီး မျက်ရှုံ့မဲ့သွားသည် 😫..သွားပါပြီး..သိက္ခာလေးတွေတော့....ရတီကတော့ ရှက်ရမ်းရမ်းကာ.ရှေ့မှ ခပ်သုတ်သုတ်သွားနေသော သူ့ဘောစိမကို ကြည့်ကာ ရီချင်စိတ်ကို ထိန်းထားရသဖြင့် ပြုံးစိစိဖြစ်နေသည်😁😁... .

ဒင်နာက စီးပွားရေးသမားသက်သက်ပဲမို့ စားရင်းသောက်ရင်း ဆွေးနွေးတိုင်ပင်သည့် စကားများသာ ဟိုတစ်စဒီတစ်စ ခပ်တိုးတိုးထွက်ပေါ်နေသည်...မြစ်ကြီးနားကို အဝေးပြေးကားဂိတ်ထောင်ကာ ပြေးဆွဲချင်သော ပြည့်က ဦးအိုက်စံတို့ဝိုင်းမှာနေရာယူလိုက်ပြီး မြေနေရာနှင့်ပတ်သတ်သော အကြောင်းအရာများကို တီးခေါက်ကြည့်မိသည်....

"ဒေါ် ပြည့်ရတနာဦး တို့ကတော့စီးပွားရေးအကွက်မြင်လိုက်ပုံများဗျာ...မြစ်ကြီးနားအထိ လက်ဝါးကြီးအုပ်ချင်နေတာလား..မီးခံသေတ္တာလည်း လျှံကျနေအုံးမယ်နော့..😂😂😂..."

ချစ်ရပါသော ကလေးငယ်Where stories live. Discover now