part 12

2K 140 11
                                    


ပြည့် နတ်ပြည်ရောက်နေသလိုပဲ...မဟုတ်ဘူး..နတ်အိပ်ယာဖြစ်ရမယ်... အိစက်ပြီး ထတောင်မထချင်ဘူး...ရုတ်တရက် အိပ်ယာလေးက ထွက်ပြေးဖို့ပြင်တော့ သူမအမြန်လှမ်းဆွဲကာ ဖက်ထားလိုက်သည်...ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူးနော်...😊
သို့သော် အိပ်ယာ လေးက အိပ်စေချင်ပုံမပေါ် အတင်းရုန်းကာ ပြေးဖို့လုပ်နေတော့ ပြည့်ကဖမ်းလိုက် သူကပြေးလိုက်နှင့် ပြည့်တဖြည်းဖြည်းအသိဝင်လာသည်....ရုန်းနေသည့် အိပ်ယာလေးကို ခပ်တင်းတင်းဆွဲဖက်လိုက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရင်ခွင်ထဲမှာလေ ထိုခလေးမက ပြိုတော့မည့်မိုးလို မျက်နှာလေးမဲ့လျက် ရုန်းနေသည်...

လခွမ်း.....

ပြည့်အမြန်လွတ်ပေးလိုက်တော့ အိပ်ယာပေါ်မှ ထကာ အခန်းပြင်ထွက်သွားတော့သည်...ပြည့် ခေါ်ဖို့ပြင်ပြီးတော့မှ သူမလည်းရှက်ရှာမှာပေါ့ ဟုတွေးကာ ကိုယ့်ကိုကိုယ် ဆန်းစစ်မိတော့ ညကဝတ်ထားသည့်ဘအင်္ကျီမဟုတ်ပဲ လူကလည်း ဖရိုဖရြဲဖစ်နေသည်...

ဗုဒ္ဓေါ..ငါ ညက ဘာမှမလုပ်မိပါဘူးနော်...လုပ်မိသလိုလိုပဲ...မလုပ်ခဲ့ဘူးမလားဟင် 😩..

စိတ်ရှုပ်လာကာ သေချာသိချင်တဲ့စိတ်ကြောင့် ပြည့် အခန်းထဲကထွက်လာကာ ခွန်းသကို လိုက်ရှာမိတော့ မီးဖိုခန်းထဲမှာ ဘာလုပ်နေမှန်းမသိ..တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေသည်....ပြည့် သူမလေးအနား တိုးသွားရင်း ရင်ခုန်ကာ စိတ်လှုပ်ရှားလာသဖြင့် လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ရင်း.မဝံ့မရဲဖြင့်..

"ခ..ခလေး...မ ညကလုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် နော်...မ အသိစိတ်လွတ်သွားမိလို့ပါ..အဲ့ဒါကလဲ ခလေးကို ချစ်လွန်းလို့ ဖြစ်သွားရတာပါ....မကို စိတ်မဆိုးပါနဲ့နော်..."

ခွန်းသငြိမ်သက်နေရာမှ လှည့်ကြည့်ရန်ပြင်တော့...

"ခဏ..ခဏ..ခလေး...မလှည့်ကြည့်ပါနဲ့အုံး..မကို.စိတ်ဆိုးမဆိုးကို အရင်အဖြေပေးပါလားဟင်...မကို စိတ်ဆိုးရင် ခေါင်းငြိမ့်ပြနော်..မဆိုးရင် ခေါင်းခါပြပါနော်..."

ပြည့် စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် သူမလေးကို စိုက်ကြည့်နေမိသည်..သူမလေး ခေါင်းခါပြတာကိုမြင်မှ အလုံးကြီးကျသွားကာ ပြုံးကာ
အနောက်မှနေ၍ သူမကိုယ်လေးအား အသာဖက်လိုက်ရင်း ကုပ်ပိုးလေးအားနမ်းလိုက်ကာ...

ချစ်ရပါသော ကလေးငယ်Where stories live. Discover now