"ကိုတင့်ဆွေ..ကျုပ် ပြောစရာရှိတယ်..."
"ပြောလေ..ဘာလဲ.."
ဆေးပြင်းလိပ်ကို ဖွာရှိုက်ကာ အနီးရှိ ပြာခွက်ထဲသို့ တောက်ချရင်း ဦးတင့်ဆွေ မေးလိုက်သည်...
"ခွန်းသကို အိမ်ထောင်ချပေးရင်ကောင်းမလားလို့.."
"ဟမ်..သမီးကြီးက ၂၀တောင်မပြည့်သေးဘူးလေ...ဘာလို့ အိမ်ထောင်ချပေးရမှာတုန်းဟ..."
"အော်...ရှင်ကလဲ ရှင့်သမီးက ၁၉ကျော်နေပြီ..ဒီအရွယ်အချို့မိန်းကလေးတွေလဲ လင်ယူသားမွေးကြတာပဲ..ပြီးတော့ ရှင့်သမီးက ဒုက္ခိတ အအတစ်ယောက်...ရုပ်ခံရှိတုန်း အားကိုးအားထားဖြစ်အောင် ယူခိုင်းတာ..ဒီထက်အသက်ကြီးလာရင် ဘယ်သူမှ ယူမှာမဟုတ်တော့ဘူး..စဉ်းစားအုံး.."
နုဝေပြောတော့လည်း မှန်နေသလိုလို...အငယ်ကောင်နှစ်ယောက်က သူတို့ပညာနဲ့သူတို့ လုပ်စားကိုင်စားတတ်ကြပေမဲ့ သမီးကြီးရှေ့ရေးအတွက်က စိတ်ပူစရာကောင်း လွန်းလှသည်...
"အေး..ဒါပေမဲ့ကွာ...သမီးမှာလည်း ချစ်သူရီးစားကမရှိ ငါ့စိတ်ကြိုက်ဖြစ်ရတဲ့လူလဲမရှိတော့ ခက်သားလား...."
"တော် ဘာမှ စိတ်မပူနဲ့...ကျုပ် ကောင်လေးတစ်ယောက်ကို တွေ့ထားတယ်...ဟိုးဘက် နှစ်လမ်းကျော်က ဒေါ်မူယာ သိတယ်မလား..."
"ငွေတိုးချေးစားတဲ့မူယာလား..."
"ဟုတ်တယ်..သူတို့က သူဌေးနော်...ဒေါ်မူယာသား ကျော်လင်းက ခွန်းသကိုကြိုက်လို့တဲ့..."
"ဘာ..ဆေးသမားကျော်လင်းလား...အဲ့လို ဆေးဆွဲနေတဲ့ကောင်နဲ့ ငါ့သမီးကို ပေးစားစရာလားကွ.."
"ကိုတင့်ဆွေ..တော် ဘာမှ ဂျီးများမနေနဲ့...သူကဆေးသမားပေမဲ့ ယူပြီးရင် ဆေးရုံတက်ပြီး ဆေးဖြတ်ပါ့မယ်လို့ ကတိပေးပြီးသား..ဒေါ်မူယာကလည်း ခွန်းသကို သိန်း၅၀နဲ့ တင်တောင်းမှာ..ကျွန်မပြောနေတာ ရှင့်သမီးအတွက်ကြီးပဲ...အဲ့မှာ ကို့ဟာကိုစဉ်းစား..ကျွန်မတော့ စကားပြောပြီးသွားပြီ..."
ခြေထောင့်ဆောင့်ရင်း ထွက်သွားသော နုဝေကိုကြည့်ကာ ဦးတင့်ဆွေ ခေါင်းရမ်းမိသည်...
အဖေဘယ်လိုလုပ်ရပါ့မလဲ..သမီးရယ်...
နုဝေပြောသွားသော အကြောင်းအရာများကို.စဉ်းစားကာ ဆုံးဖြတ်ချက်တစ်ရပ်ကို ဦးတင့်ဆွေ ချမှတ်လိုက်တော့သည်...
