."ကလေး ခဏနေပါအုံး..မတောင်းပန်ချင်လို့လာတာပါ..."
လှည့်ပြေးရန် ကြံနေသော သူမရဲ့ လက်ကို အလျင်အမြန်ဆွဲလိုက်ကာ ပြည့် တားလိုက်သည်...ထိုအခါ သူမက လှည့်လာပြီး ပြည့်ဆွဲထားတဲ့ သူမလက်ကို စိုက်ကြည့်နေတော့ သူမလွတ်ပေးလိုက်သည်...
"မ ကလေးကို တောင်းပန်ချင်လို့ပါ...မနောက်ခန လိုက်ခဲ့ပေးပါလား...နော်..pls.."
သူမလေး ခနတွေဝေသွားပြီး သူမကိုမျက်လုံးရွဲကြီးများဖြင့် မော်ကြည့်ကာ ခေါင်းညိတ်ပြသည်...ပြည့်လည်း သူမလက်ကလေးကို ဆွဲယူကာ ကားရှေ့ခန်းတံခါးဖွင့်ပေးကာ တက်စေလိုက်သည်...ထို့နောက် အနီးနားရှိ စားသောက်ဆိုင်ထဲ ဝင်ကာ ချောင်ကျသော စားပွဲခုံမှာ နေရာယူလိုက်သည်...
"Green apple juice နှစ်ခွက်ပေးပါ....ခလေး သောက်ပါတယ်နော်.."
ဝိတ်တာလေးကိုမှာရင်း သူမကိုလှမ်းမေးရသေးသည်...ခေါင်းညိမ့်ပြတော့မှ
ဝိတ်တာလေးကို ပြန်လွှတ်လိုက်ရင်း..သူမလေးကို ကြည့်ကာ...."တို့နံမယ်က ပြည့်ရတနာဦး ပါ.. ဖြစ်ခဲ့သမျှအရာရာအတွက် တို့ဘက်ကပဲ တောင်းပန်ပါတယ် နော်...တို့ တကယ်မသိခဲ့လို့ပါ...ကလေးကို ထိခိုက်စေလိုတဲ့ ဆန္ဒလည်း မရှိခဲ့တာအမှန်ပါ..."
ပြည့် သူမကို.စိုက်ကြည့်ကာ ပြောလိုက်တာမို့ သူမ သက်ပြင်းတစ်ချက်ကို ခပ်သာသာချလိုက်ရင်း ခေါင်းငုံ့သွားသည်..
"မ တောင်းပန်တာကို လက်ခံမယ်မလားဟင်..."
ကျောက်ရုပ်လိုထိုင်နေသော သူမလေးက လွယ်အိတ်ထဲမှ စက္ကူထပ်သေးလေးကိုယူကာ စာရေးပြီး ပြည့်ဆီ ကမ်းပေးသည်...ပြည့်ဖတ်ကြည့်လိုက်တော့..
📜 ... စိတ်မဆိုးပါဘူး အစ်မရဲ့..
နောက်ထပ်စာရေးနေပြီး လှမ်းပေးပြန်သည်..
📜 ... အဲ့တုန်းက သမီးလန့်သွားလို့ပါ...😁
"Ok...ခု မလန့်နဲ့တော့နော်....တို့က မင်းကိုမြင်မြင်ချင်းခင်မိလို့ စကားပြောမိတာပါ...ခု နားလည်မှု ရပြီဆိုတော့ တို့ ထမင်းဖိတ်ကျွေးတာကို လက်ခံပါလား.."
📜 ... သမီး သင်တန်းတက်ရအုံးမယ်..
"ခုပဲ ၁၀နာရီကျော်နေပြီပဲလေ...သင်တန်းက ၁၂နာရီပြီးမှာမလား..မငြင်းပါနဲ့တော့ ..."