part 14

2.9K 152 14
                                    

ပြည့်ရေမိုးချိုးပြီးထွက်လာတော့ ခွန်းသက အိပ်ယာထက်မှာ ပုံ့ပုံ့လေး အိပ်ပျော်နေသည်...ပြည့် ရေစိုနေသော ဆံပင်များကို တဘက်ဖြင့် အသာသုတ်ပြီး ကုတင်ထက် ထိုင်ချရင်း ခွန်းသအနားတိုးကာ အပေါ်စီးမှ သူမမျက်နှာလေးကို.ငုံ့မိုးကြည့်မိသည်...ပါးစပ်လေးဟလျက် ခြေပစ်လက်ပြစ် အိပ်ပျော်နေသော ကောင်မလေးကို ကြည့်ရင်း ရင်ထဲ ချစ်စိတ်များတစိမ့်စိမ့်တိုးပွားသည်ထက်တိုးပွားလာရင်း...ဘယ်လိုတောင်ချစ်စရာကောင်းတာလဲ ဘေဘီရယ်...နဖူးပေါ်ဝဲကျနေသည့်ဆံနွယ်များကို အသာသပ်တင်ပေးရင်း ခွန်းသနိုးမနိုးကြည့်ကာ မနိုးဘူးဆိုမှ နဖူးလေးကို ခပ်ဖွဖွ နမ်းလိုက်တော့ ဘာကိုအလိုမကျဖြစ်သည်မသိ..မျက်ခုံးနှစ်ဖက်က တွန့်ချိုးလျက်.... ပြည့် ခပ်သာသာလေးပြုံးရင်း သူမဘေးမှာနေရာဝင်ယူကာ ပြည့်လက်မောင်းကို အုံးစေလျက် ကျန်လက်တစ်ဖက်ဖြင့် သူမခါးကို ပွေ့ဖက်ကာ အိပ်စက်ရန် ကြိုးပမ်းရတော့သည်....

*******************************

ကလင်...ကလင်...ကလင်...

ကလင်...ကလင်...ကလင်

Shit...ဘာလဲကွာ....

အိပ်ပျော်နေစဉ် ဆူညံနေလျှင် ပြည့်အရမ်းမုန်းသည်...ခုလဲ ဘယ်သူဖုန်းဆက်သည်မသိ...ရတီတော့မဖြစ်နိုင်... လူက အိပ်ယာကမထပဲ ဖုန်းကို လက်ဖြင့်လိုက်စမ်းနေတော့ မကိုင်မိ...ထိုချိန် လက်ထဲ တစ်ယောက်ယောက်ဖုန်းထည့်ပေးသဖြင့် ဖွင့်ကိုင်လိုက်ရင်း...

"Hello..ဘယ်သူပါလဲ..."

"သမီး ရတနာရေ...နိုးပြီလား..အန်တီပါကွယ်...ဒီနေ့ သမီးကို ထမင်းစားဖိတ်ချင်လို့လေ...အဲ့ဒါသမီးအားရဲ့လားလို့...ပြီးတော့ သမီးမိဘတွေကို အန်တီဖိတ်ပြီးပြီ...သမီးလာမယ်မလားဟင်...အဟင်းဟင်း... "

ငြင်းပယ်မရစွာ တောင်းဆိုမှုကြောင့် ပြည့် အလိုမကျဖြစ်သွားသော်လည်း...

"အားတော့မအားပေမဲ့ သမီးအချိန်လုပြီးလာခဲ့ပါ့မယ်..ဘယ်အချိန်လဲ အန်တီ..."

"၁၁ခွဲလောက်လာခဲ့ပေါ့ သမီးရယ်..သားကလဲ သမီးကိုမျော်နေတာ...ခုတောင်ဖုန်းဆက်ခိုင်းတာကို မဆက်ရဲဘူးဆိုပြီး ရှက်နေရှာတယ်..😅😅.."

ချစ်ရပါသော ကလေးငယ်Where stories live. Discover now