"သမီးလေးကို အန်တီတို့ကသဘောကျတာ ကြာပါပြီ...ရုပ်ကလေးကလည်း ချော လိမ္မာရေးခြားကလည်းရှိ...😊😊..."
အမေက ရွန်းရွန်းဝေအောင်ပြောပေမဲ့ သူ့သားကတော့ အိပ်ငိုက်နေတာလား ဆေးကြောင်နေတာလားတော့မသိ...ငိုင်တိငိုင်တိုင်ဖြင့် ခွန်းသကိုလည်း တစ်ချက်မှ မကြည့်....
"အဲ့တာကြောင့် မနုဝေဆီမှာ တောင်းရတာပေါ့...သားလေးကလည်း သမီးလေးကို မေတ္တာရှိပြီးသားဆိုတော့ ဘာမှ ပြောစရာမလိုတော့ဘူးလေ...သားကလည်း ဖတဆိုးလေးဆိုတော့ ကျွန်မအလိုလိုက်တာများပြီးနည်းနည်းဆိုးချင်သလိုဖြစ်နေတာပါ...သူက လိမ္မာရှာပါတယ်...."
"အင်းပေါ့...ခလေးက ငယ်လည်းငယ်တော့ ဆိုးချင်သလိုဖြစ်နေတာနေမှာပါ...အိမ်ထောင်ကျသွားရင် ငြိမ်သွားမှာပါ.. နော်...ယောက်ကျား.."
ဒေါ်နုဝေက ဦးတင့်ဆွေ ကိုကြည့်ရင်း အဖြေညှိလိုက်တာမို့ စိတ်မသက်သာစွာ ပြုံးရင်း..
"အင်း...ဟုတ်လောက်မှာပါ..."
ထိုအခြေအနေကိုမြင်သော ဒေါ်မူယာက မကျေနပ်နိုင်စွာ မဲ့ပြုံး ပြုံးရင်း..
"ဟုတ်ပါတယ်...ကျွန်မသားကလည်း ဆေးလေးနဲနဲစွဲတာကလွဲရင် သူဌေးသားလူကောင်းလေးပါ...ဆေးစွဲတာက ဖြတ်လို့ရပါသေးတယ်...အချို့်ဆို ဘဝပေးအခြေအနေကြောင့် လူရာမဝင်သူတွေအများကြီး...."
"ခင်ဗျား ဘာစကားပြောတာလဲ ဒေါ်မူယာ..."
"အိုး...ကျွန်မက ဒီတိုင်းပြောလိုက်တာပါ...ဒါနဲ့ ခွန်းသရော မတွေ့ရပါလား..."
"သူ ခနကမှအပြင်က ပြန်ရောက်တာ..ရေချိုးနေတာဖြစ်မယ်..သမီးမေလွင်ရေ..သမီးအစ်မကိုသွားခေါ်လိုက်လေ..."
"ဟုတ်ကဲ့ အမေ...."
လူကြီးချင်းအခြေအနေတင်းမာချင်နေပြီမို့..မေလွင် အမြန်ထွက်လာလိုက်သည်...ခွန်းသအခန်းရောက်တော့ တံခါးခေါက်မနေတော့ပဲ တွန်းဖွင်ကာ.ဝင်လာလိုက်သည်...
"သြော်...ဘာများလုပ်နေလဲလို့....ငုတ်တုတ်ထိုင်နေတာပဲ..အခုဆင်းလာခဲ့တော့...လူကြီးတွေ စုံနေပြီ..."
မေလွင်ပြောပြီးထွက်လာလိုက်သည်..တခနအကြာ စာရွက်၎ ၅ ရွက်ကိုင်ကာ ခွန်းသထွက်လာပြီး ဦးတင့်ဆွေ ဘေးက ခုံအလွတ်တွင် ဝင်ထိုင်လိုက်သည်...