ပြည့် မကျေနပ်ခြင်းများစွာနဲ့ အိမ်ပြန်လာခဲ့ရသည်...ဒင်နာလည်း မတက်ချင်တော့....
ဆင်ဝင်အောက်မှာ ကားရပ်ပြီး အိမ်ထဲဝင်လာတော့ ဒယ်ဒီနဲ့ မာမီက ဧည့်ခန်းထဲမှာ စကားပြောနေကြသည်...
"သမီးတောင် ပြန်လာပြီပဲ...အလုပ်တွေ ပြီးကုန်ပြီလား..အပြင်ပြန်ထွက်ရအုံးမလား.."
"ပြီးပြီ..မာမီ..မာမီတို့ရော relax time လား.."
"အင်းပေါ့...ကဲ..ကဲ..သမီးလည်း နားတော့... တစ်နေ့လုံးပင်ပန်းလာတာ...."
"Hok.... သမီးနားတော့မယ်..."
ပြည့် အခန်းထဲဝင်လာပြီး အိပ်ယာ ပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်...ထို့နောက် လန်းသွားအောင် ရေကြာကြာချိုးလိုက်သည်....ရေမိုးချိုးပြီးတော့ လူက နဲနဲလန်းလာသည်....
မနက်ဖန်အတွက် အလုပ်များကို အစီအစဉ် တကျချထားရင်း ရတီဦး ပို့ပေးသည့် time table ကိုကြည့်ရန် laptop ကိုဖွငိ့လိုက်သည်....မနက်ဖြန်အတွက် အချိန်ဇယားကို ကြည့်ရင်း ပူးတွဲဖိုင်တစ်ခုပါ ပို့ထားသောကြောင့်
ပြည့်ဖွင့်ကြည့်လိုက်သည်...Screen ပေါ်မှာ ကလေးငယ် မျက်နှာပုံတက်လာမှ နေ့လည်က ရတီဦး ကို စုံစမ်းခိုင်းထားသည့်
ကိစ္စကို သတိရတော့သည်..
Cv ဖောင်ကို ကြည့်လိုက်တော့ နံမည်က ခွန်းသမေ...နံမည်ကလှသားပဲ..အသက်က ၁၉နှစ်...ပညာအရည်အချင်း ဆယ်တန်းအောင်..သာမာန်ပါပဲ... လုံးဝသာမာန်လူတစ်ယောက်ပဲ..အဲဒါကို သူက ဘာလို့ မတရားချေမိုးနေတာလဲ....ထိုစဉ် တောင်ခနဲ မြည်သံနှင့်အတူ message တစ်စောင်ဝင်လာသည်...
"ဘော့စ်ရေ...လိုအပ်လား မလိုအပ်လားဆိုတာ မသိပေမဲ့ ဘော့စ်စုံစမ်းထားခိုင်းတဲ့ကောင်မလေးအကြောင်းပြောချင်လို့် ပါ...သူ့အသက် ၁၅နှစ်မှာ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်မျိုးနဲ့ ကြုံခဲ့ဖူးလို့ အကြောက်လွန်ပြီး စကားသံမထွက်တော့ဘူးတဲ့..အ သွားသလိုမျိုးဖြစ်သွားတာ...အဲ့ဒါလှမ်းပြောတာပါ..Goodnight နော်..ဘော့စ်.."
ပြည့် ဖတ်ပြီး လုံးဝကြောင်အသွားသည်...ထိုမိန်းကလေးနှင့် သူမ တိုက်မိပြီး လူမသိသူမသိထွက်ပြေးသွားပုံ ၊ သူမကို ငေးမောကြည့်နေတတ်သည့် မျက်ဝန်းတစ်စုံ ၊ toilet ခန်းထဲမှာ သူမကို ကြောက်ရွံ့ထိတ်လန့်အားငယ်စွာ ကြည့်ရင်း ထွက်ပြေးသွားပုံတို့က မျက်လုံးထဲ အစီအရီပြန်ပေါ်လာသည်...