"လာ..ကလေး...."
ပြည့် အခန်းတံခါးကို ဖွင့်ကာ ခလေးကိုလှမ်းခေါ်လိုက်တော့ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ဝင်လာသည်...အခန်းတွင်းမှာ ရှင်းလင်းကာ ဆိုဖာရှည်တစ်လုံး၊စားပွဲခုံတစ်ခုံနှင့် TV တစ်လုံးသာ ရှိသည်...
"မက တစ်ယောက်ထဲ နေတာဆိုတော့ အခန်းထဲမှာ ဘာမှ ထွေထွေထူးထူး တော့မရှိဘူးရယ်...ကြည့်ရဆိုးနေလား.. 😉...."
ခွန်းသ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်တာမြင်တော့ သူမက ရှင်းပြသည်....
"ကဲ...ခလေး...ဗိုက်ဆာနေပြီလား...."
ခွန်းသ ရှက်ရှက်နှင့် ခေါင်းညိမ့်ပြလိုက်သည်...ပြည့် သဘောကျစွာ ရယ်ရင်း သူမခေါင်းလေးအား အသာဖွလိုက်တော့ မျက်လုံးရွဲကြီးများဖြင့် မော်ကြည့်လာသည်....
"တို့က ချစ်လို့ပါကွာ...စိတ်မဆိုးပါနဲ့... 😉"
ခွန်းသ အမြန်ခေါင်းယမ်းပြလိုက်ရင်း ဖုန်းထုတ်ကာ စာရေးပြဖို့လုပ်တော့ ဖုန်းက ကြောင်နေသဖြင့် တော်တော်နှင့်ရိုက်လို့မရ...ပြည့်ကလည်း ထိုအရာကိုမြင်တော့..
"ကဲပါ...မကို စိတ်ဆိုးရင် ခေါင်းခါပြ...မဆိုးရင် ခေါင်းညိမ့်ပြ...ဟုတ်ပြီလား.."
ခွန်းသ.ခေါင်းမြန်မြန်ညိမ့်ပြလိုက်သည်...ပြည့် ချစ်စရာကောင်းလှသော ထိုခလေးမအား ပြုံးကာ ကြည့်နေမိရင်း...
"Aww..ဒါနဲ့ ကိုက အချက်အပြုတ်ပိုင်းမှာ သျပ်မကျွမ်းဘူးရယ်...ဒီတိုင်း ပေါင်မုန့်မီးကင်နဲ့ ကော်ဖီပဲရမယ်...အဆင်ပြေလား..."
ခွန်းသ ခေါင်းညိမ့်ပြလိုက်သည်....ပြည့်က ထိုခေါင်းလေးအား နောက်တစ်ခါပုတ်ကာ..
"ပုတ်သင်ညိုမလေးလိုပဲကွာ...ခေါင်းပဲ ငြိမ့်နေတေါ့တာပဲ...😊"
မနက်စာ စားပြီးတော့ ဧည့်ခန်းမှာ ထိုင်ကြရင်း ပြည့်က သူမလေးမပျင်းအောင် စကားပြောပေးသည်...ခွန်းသကတော့ ခေါင်းညိမ့်ခေါင်းခါဖြင့် ပြည့်ဟာသပြောရင် ပြုံးယုံသာ ပြုံးနေသည်.. .
"ကလေး...ပျင်းနေပြီးလား.."
ခွန်းသ ခေါင်းယမ်းလိုက်ရင်း.စာရိုက်ပြဖို့လုပ်တော့ ဖုန်းစုတ်က မရ....စာရွက်ကိုလည်း မယူလာခဲ့ရသဖြင့် ဒုက္ခ ရောက်တော့သည်...သူမလေး ဗျာများနေပုံကို ပြည့် မကြည့်ရက်သဖြင့် သူမ ဖုန်းအား လှမ်းပေးကာ...