ပြည့် ဒီရက်ပိုင်း ကလေးကိုကြည့်ရတာ လုံးဝအားမရပါ...ပြည့်ကိုရှောင်နေသလိုခံစားရသည်. ...အတင်းတွေ့သော်လည်း အရင်ကလိုလည်း ဟက်ဟက်ပက်ပက် သိပ်မရှိတော့ပဲ
တစ်ခုခုကို ထိန်ချန်ကြောက်ရွံ့နေသလိုမျိုး ဖြစ်နေသည်....ယခုလည်း တစ်နေ့တာအလုပ်များကို တန့တစ်ဝက်တည်းနဲ့တင် အကုန်ဖြတ်ကာ သင်တန်းကျောင်းဝမှာ စောင့်နေလိုက်သည်..ကိုယ်တိုင်ကိုကျ အခန်းထိပ်ထိ သွားခေါ်ချင်ပါလည်း အမြင်မသင့်သည်မို့ ကားထဲမှာပဲစောင့်ဖြစ်သည်...ဟော..ပြောရင်းနဲ့ ထွက်လာပါပြီ..သူမရဲ့ ကလေးလေး...သူမလေးက ပြည့်ရဲ့ကားကို တွေ့တော့ ရုတ်တရတ် ဆန့်ကျင်ဘက်အရပ်ကို လှည့်ထွက်သွားသည်...
ပြည့် ကြောင်အစွာ ကြည့်ရင်း သတိပြန်ဝင်လာကာ သူမလေးနောက် အပြေးလိုက်ခဲ့တော့ သူမလေးက ဘတ်စ်ကား ကို ခုံမှာထိုင်ရင်းစောင့်နေသည်....ပြည့်ကို မြင်တော့ ထပြေးရန် ပြင်နေသည့် ထိုခလေးမ၏လက်ကို ဆွဲထားကာ...
"ကလေး..ဘာလို့ မကို ရှောင်နေတာလဲ..."
ခွန်းသခေါင်းအသာယမ်းပြလိုက်သည်....သူမ မနဲ့မတွေ့ချင်ပါ...မနဲ့ တွဲသွားတွဲလာလုပ်သည်ကို တွေ့သော အငယ်ကောင်က ဒေါ်နုဝေကို အပူကပ်ကာ ခွန်းသကို အတင်းမိတ်ဆက်ခိုင်းနေသည်...ပြီးတော့ ကျော်လင်းနဲ့ လက်ထပ်ပေးဖို့လည်း.အတင်းဖိအားပေးနေတော့ ဒီရက်ပိုင်း.သူမစိတ်အရမ်းရှုပ်နေသည်...သူငယ်ချင်းဖြစ်သူ လမင်းက
ပြင်ဦးလွင်ရှိ သူ့အဘွားထံ အလည်သွားကာ သဘက်ခါမှ ပြန်ရောက်မည်ဖြစ်သောကြောင့် ခွန်းသရင်ဖွင့်ဖို့လူမရှိခဲ့...."ပြောလေ..ဘာလို့ မကို ရှောင်နေတာလဲ...မနဲ့ မခင်ချင်လို့လား..."
📱... မဟုတ်ပါဘူး မရယ်..
"အဲ့ဒါဆို ဘာလို့လဲ..တစ်ခုခုအခက်အခဲရှိလို့လား...
📱... မရှိပါဘူး...
ဘတ်စ်ကား ဂိတ်နားရပ်ပြောနေကြသဖြင့် လူက ရှုပ်လိုက်ရှင်းလိုက်ဖြစ်နေသည်...ပြည့် စိတ်မရှည်စွာ သူမလေး၏လက်ကို ဆွဲယူရင်း ကားဆီခေါ်လာပြီး တံခါးဆွဲဖွင့်၍ထိုင်စေပြီး မောင်းထွက်လာလိုက်သည်...ခွန်းသ ငြိမ်သက်စွာ လိုက်ပါလာပြီး နာရီဝက်ကြာပြီးနောက် ကားရပ်သွားသည်...ဘေးဘီကိုကြည့်လိုက်တော့ စားသောက်ဆိုင်တစ်ဆိုင်...
