"အောင်ကြီးရေ...sorryပါဟာ..ငါ အလုပ်ကိစ္စ ပေါ်လာလို့ မလာနိုင်တော့ဘူး..နောက်တစ်ခါကျမှ ငါ ဒကာခံပေးမယ်နော်...."
"အေးပါ..ရပါတယ်...ကို့ကိစ္စကိုပြီးဆအာင်သာလုပ်....ငါက အေးဆေး.. "
အောင်ကောင်းထက် ဖုန်းချကာ အပြင်လောကကို ငေးကြည့်ရင်း လက်ကျန်ဘီယာတစ်ငုံကို မော့လိုက်သည်....အလုပ်အားသည့် အချိန်တိုင်း သူဒီဆိုင်မှာ ထိုင်ဖြစ်သည်..အပြင်အဆင်သန့်ကာ တိတ်ဆိတ်အေးချမ်းသည်မို့ သူ့အကြိုက်နှင့်ကွက်တိကျသည်...မိုးတစ်ဖျောက်ဖျောက် ရွာနေသည်ကို ကြည့်ကာ အတွေးပွားနေမိသည်...
ထိုအချိန် သူ့အမြင်အာရုံထဲသို့ ကောင်မလေးတစ်ယောက်ဝင်ရောက်လာသည်...ထီးလေးဆောင်းကာ ဗွက်အိုင်များကို ပျော်ရွင်စွာ ခုန်ဆွဖြတ်ကျေါ်လာသော ထိုကောင်မလေးသည် သူမရှေ့မှ အကြော်ဗန်းရွက်ကာ ပြေးလာသော ခလေးမတစ်ယောက်နှင့် တိုက်မိသွားသည်ကို တွေ့လိုက်ရတော့ သူ ရုတ်တရတ် ထရပ်မိ ပြီး ထိုနေရာသို့ ပြေးသွားလိုက်သည်..
ဟိုရောက်တော့ ခလေးမက ငိုနေပြီး သူမတစ်ယောက် ချော့ရမလိုငိုရမလိုနဲ့ ဒုက္ခနေကာသူ့ကိုမြင်တော့ မျက်ဝန်းတစ်ချက်လက်သွားပြီး...
"ကလေး...ဘာဖြစ်သွားသေးလဲ..."
သူ့ကို မှတ်မိပုံမရပဲ လက်ဟန်ခြေဟန်ဖြင့် ပြောပြနေသည်...
"ကိုနားမလည်ဘူး..."
သူမ တခဏ တိတ်သွားပြီး လွယ်အိတ်ထဲက ဖုန်းကို ယူကာ တတောက်တောက်ဖြင့် စာရိုက်ပြီး သူ့ကို လှမ်းပြသည်...
📜 ... မတော်တဆဖြစ်တာပါ..သမီးကို.ကူညီပါနော်
"ကို တွေ့ပါတယ်...ကူညီဖို့ပဲလာတာ..ကဲ ကလေး ...ထ..ရော့ဒီမှာ အကြော်ဖိုးယူသွား...မိုးပြန်ရွာလာတော့မယ်..အိမ်ပြန်တော့.."
ထိုအခါမှ ငိုနေသော.ကလေးလေးက မျက်ရည်သုတ်ကာ အကြော်ဗန်းယူကာ အမြန်ပြေးထွက်သွားတော့သည်။
"ကဲ..ခင်ဗျားလေးကရော .."
📜 ... ဟုန်..ကျေးဇူးပါ နော်..သမီးလည်းပြန်ပါတော့မယ်....
"ပြန်တော့..လမ်းလည်း သေချာကြည့်အုံး စပ်စလူးလေးရဲ့..ရေခဲမုန့်ပစ်ရတာနဲ့ အကြော်ဗန်းဝင်တိုက်ရတာနဲ့...ဂရုစိုက်ပြန်နော်..."