"နင်တို့ဘယ်မှာလဲ..."
"အဝင်ဝကနေ ညာဘက်ချိုးလိုက် သုံးခုံမြောက်မှာ ငါတို့..."
"Ok...ငါလာပြီ..."
တခဏအကြာ ဆိုင်ခန်းထဲဝင်လာသော အောင်ကောင်းထက် ကိုမြင်တော့ ပြည့်လက်ဝှေ့ရမ်းပြလိုက်သည်၊
"Sorry ဟာ...လမ်းမှာ ကားပိတ်နေလို့နည်းနည်းကြာသွားတယ်..စားပြီးပြီလား.."
"အင်း...ဗိုက်ဆာလို့လေ..နင်ရော.."
"အိမ်မှာပဲ စားပြီးပြီ...ခွန်းလေး...အဆင်ပြေရဲ့လား..."
သူမကိုပြောနေရင်း ခွန်းသကို လှည့်မေးမိတော့ ရတနာမျက်စောင်းက ဒိုင်းခနဲရောက်လာသည်...ဘာလဲဟ.ဘလိုင်းရီး...
ခွန်းသကို ပြန်ကြည့်တော့ ပြုံးကာခေါင်းအသာငြိမ့်ပြနေတော့ ရတနာကို ခေါင်းထဲကထုတ်ကာ ခွန်းသဘက်လှည့်ရင်း.."ခွန်းလေး...ဘာမှ အားမငယ်နဲ့နော်...ကိုကြီး တစ်ယောက်လုံးရှိတယ်..ခွန်းလေးပုံမှန်လူလို ပြန်ဖြစ်လာတော့မှာပါ...ကိုယ် ဆရာဝန်နဲ့ ချိန်းပေးထားတယ်..."
"ခဏ....ငါက ဘန်ကောက်မှာ ကုသဖို့စုံစမ်းခိုင်းတာလေ...ဘယ်က ဆရာဝန်တွေနဲ့ ချိန်းခိုင်းနေတာတုန်း..."
"ငါ့ ဦးလေးလိုမျိုးဖြစ်နေတဲ့ ဆရာဝန်ပါဟာ..ထိုင်းက ခဏပြန်လာတာ..သူက ကြည့်ကြည့်မယ်တဲ့...ပြီးရင် သူ့အသိ ဘန်ကောက်က ဆရာဝန်ဆီလွှဲပေးမှာ..."
"ဒါဆိုဘယ်နေ့ချိန်းထားလဲ...ငါနဲ့ ခွန်းသ တူတူလာခဲ့မယ်..."
"ဒီပတ်စနေ.."
စနေ... ပြည့် ဖုန်းထုတ်ကာ time table ကိုကြည့်လိုက်တော့ စနေနေ့မှာ မော်လမြိုင် သွားရမည့် ရက်....
"အောင်ကြီး...နင့် date ကို နောက်ဆုတ်ပေးလို့ရမလား..ဒါမှမဟုတ် ရှေ့တိုးပေးဖို့..."
"ဘာဖြစ်လို့လဲ... မရဘူးဟ...အဲ့နေ့ရအောင် မနဲလုပ်ထားရတာ...နင်အဆင်မပြေဘူးလား..."
ပြည့် သူမတို့စကားကို နားထောင်ရင်း ကြောင်တောင်တောင် ဖြစ်နေသော သူမလေးကို လှမ်းကြည့်ရင်း..
"အင်း...ငါ အဆင်မပြေဘူး..အဲ့နေ့ခရီးထွက်စရာရှိတယ်...ငါ နင်နဲ့ပဲ လွှဲထားခဲ့ရမယ်ထင်တယ်....အဆင်ပြေပါ့မလား..."