Part 15

2K 98 6
                                    

"ရတနာ... လူကြီးတွေက ငါတို့ကို သဘောတူနေပုံရတယ်..နင့် ဘက်ကရော..."

"ငါလား.သူငယ်ချင်း..ငါငြင်းရလိမ့်မယ်...ငါ့ဘဝမှာ အရမ်းကြီးလိုချင်တာမျိုး လိုအပ်တာမျိုးမရှိပေမဲ့လို့ အချစ်ဆိုတဲ့ အရာတစ်ခုလောက်တော့ ခံစားဖူးချင်တယ်...ခု..တွေ့လဲတွေ့နေပြီ...ငါ့ဘဝကို ငါကိုယ်တိုင်ပုံဖော်ထုဆစ်ချင်တယ်ဟာ.."

မိန်းမသားတစ်ယောက်ရဲ့ ရဲရဲတောက်စကားကြားရတော့ သူ ငိုင်တွေမိသည်...

သူကရော...

အချစ်ဆိုတဲ့အရာကို မျက်မြင်ကိုယ်တွေ့ကြုံနေပေမဲ့ မထိတွေ့ရဲ မခံစားရဲတဲ့ဘဝ...

"ဟဲ့...ငါမေးနေတယ်လေ..နင်ရောလို့..."

"သြော်..အဟက်...ငါကလား...ငါက နင့်လို စိတ်ဓာတ်မမာကြောနိုင်ဘူးနဲ့တူတယ်..နင့်ကိုအားကျပါတယ်ဟာ...တစ်ခါတလေ လိမ္မာတဲ့သားတစ်ယောက်အနေနဲ့ နေရတာကို မွန်းကြပ်လှပြီဟ... ဘဝမှာ တစ်ခါလောက် ရူးမိုက်ချင်မိတယ်..."

"လုပ်လိုက်စမ်း သားရီး..😉.."

နှစ်ယောက်သား ခပ်ဖွဖွရီမိကြသည်....

"ဒါနဲ့ နင် ခရီးထွက်ချိန်  ခွန်းလေးကို ငါ့အိမ်မှာ လာအပ်ထားမယ်မလား..."

"အင်း..ဖြစ်ဖို့များတယ်...ငါ့ကလေးကို.ဂရုစိုက်ပေးအုံး...ကဲ ရောက်ပြီ..ဆင်းတော့. ."

"ပို့မဲ့နေ့ ဖုန်းကြိုဆက်နော်...bye..."

အောင်ကြီးကို အလုပ်ပို့ပေးပြီးတော့ Canpany ကိုပဲ ပြန်လာလိုက်သည်...အလုပ်ကိစ္စ အရင်ပြီးအောင်ဖြတ်ရမည်လေ...
Canpany ရောက်တော့ လုပ်စရာရှိတာများကို အစီအစဉ် တကျလုပ်ရင်း အချိန်တွေက ကုန်မှန်းမသိ ကုန်လာသည်...ထိုစဉ် Ph alarm မြည်လို့ လှမ်းကြည့်တော့ 5 ခွဲ...

"ရတီရေ..တစ်ချက်လာပါအုံး..."

"ရှင်...ဟုတ်..."

အခန်းထဲသို့ ရတီဦး ခပ်သွက်သွက်ဝင်လာတော့

"ကျန်တဲ့သူတွေ ဆင်းကုန်ပြီလား.."

"ဟုတ်ကဲ့..."

"Inn..မင်းလဲဆင်းတော့..ဒီဖိုင်တွဲတွေကို တို့ကားထဲထည့်ထားလိုက်...တို့မင်းကို လိုက်ပို့မယ်..."

ချစ်ရပါသော ကလေးငယ်Where stories live. Discover now