part 10

1.5K 137 11
                                    

📜 ... ဖေဖေ အရာအားလုံး သမီးရဲ့အမှားတွေပါ....သမီးသာ ကျော်လင်းကို လက်ခံလိုက်ရင် ဒီလိုအရာတွေ ဖြစ်လာမှာမဟုတ်ဘူး...သမီးဖေဖေတို့ မိသားစုလေးကို မပြိုကွဲစေချင်ပါဘူး...အဲ့ဒါကြောင့် သမီးထွက်သွားပါတော့မယ်...သမီးကို.စိတ်မပူပါနဲ့နော်...အဒေါ်ယူထားတဲ့ပိုက်ဆံအတွက် ဒီဖုန်းလေးက ဖြေရှင်းပေးနိုင်မှာပါ....

                         ခွန်းသ

စာကို သေသေချာချာခေါက်လိုက်ပြီး.ဖေဖေ့အခန်းဆီ လျှောက်လာပြီး တံခါးအသာအယာတွန်းဖွင့်လိုက်သည်...မနက် ၄နာရီခွဲသာရှိသေးသည်မို့..ဖေဖေ နှစ်ခြိုက်စွာ အိပ်မောကျနေသည်...ခွန်းသ စာရွက်နှင့် မ ဝယ်ပေးထားသော ဖုန်းကို စားပွဲပေါ်သို့ အသာတင်လိုက်ပြီး ဖေဖေ့အား ကန်တော့လိုက်သည်...ထို့နောက် ဘေးနားက အထုတ်ကို ယူကာ ခြေအသာဖွကာ ထွက်လာခဲ့တော့သည်...စောသေးသော်ငြား လူများ.ဟိုတစ်စဒီတစ်စဖြင့် တွေ့နေရသည်...

သူမ အိမ်ကထွက်လာသော်လည်း ဘယ်ကိုသွားရမှန်းမသိ..မ ဝယ်ပေးထားသော ဖုန်းကို
အလွဲသုံးစားလုပ်မိသဖြင့် မဆီလည်း မသွားရဲ...ခြေဦးတည့်ရာ လျှောက်နေရင်း ညောင်းလာတော့ ဘတ်စ်ကား မှတ်တိုင်က ခုံမှာ ထိုင်နေရင်း ငေးငိုင်နေမိသည်....

ဒီနေ့ မြစ်ကြီးနားသို့ အလုပ်ကိစ္စ ဖြင့်
သွားရမည်....လေယာဉ်ကွင်းတစ်ချက်ပို့ပေးပါဟု ရတနာဖုန်းဆက်လာသောကြောင့် အောင်ကောင်းထက် တစ်ယောက် သူမကို လေယာဉ်ကွင်း သို့ပို့ပြီး...ပြန်လာခဲ့လိုက်သည်... သူ့အကြိုက် မုန့်ဟင်းခါးချက်သဖြင့် မနက်စာမလွတ်အောင် အိမ်အမြန်ပြန်လာရခြင်း😁.....ကားမောင်းနေရင်း လမ်းဟိုဟိုဒီဒီလှမ်းကြည့်မိတော့ အမြင်အာရုံထဲသို့ ဝင်လာသော သူမ....မျက်နှာမသာမယာနှင့် ဘေးနားမှာက ခရီးဆောင်အိတ်လိုမျိုး အထုတ်တစ်ထုပ်...ကားကို လမ်းဘေးသို့ ဆွဲချပြီး သူမဆီသို့ လျှောက်လာလိုက်သည်....သူမ ဘေးမှာ သူရပ်ကြည့်နေသော်လည်း သူမလေးကတော့ ခေါင်းလဲ မော့မလာ..ကြည့်ရတာ အာရုံပျံ့လွင့်နေပုံပေါ်သည်...

"ခွန်းလေး...ဘာလုပ်နေတာလဲ... "

ခွန်းသ သူမကိုခေါ်သံကြောင့် မော့ကြည့်လိုက်တော့ ဦးအောင်ကောင်းထက်...ဒီချိန်ဘယ်သူနဲ့မှ စကားမပြောချင်သော်လည်း ကို့ကို ကူညီဖူးသူမို့ ခွန်းသ အိတ်ထဲမှ စာရွက်နှင့်ဘောပင်ယူကာ စာရေးလိုက်ပြီး လှမ်းပေးလိက်ြသည်.. 

ချစ်ရပါသော ကလေးငယ်Where stories live. Discover now