ဒီဇင်ဘာ့အမေနဲ့ ပြဿနာတွေတက်ပြီးကတည်းက ဒီဇင်ဘာက သူ့ဆီမလာတာ တစ်ပတ်ကြာသွားတယ်။ အခုညနေလာမယ်လို့ ဖုန်းဆက်ပြောထားလို့ ကောင်လေးတွေကို မှာစရာရှိတာမှာပြီး ဒီဇင်ဘာထိုင်နေကျ ထောင့်ခုံလေးမှာ စောင့်နေမိတယ်။ အခုမှ နေ့လည် ၂ နာရီပဲ ရှိသေးပေမဲ့ ဒီဇင်ဘာနဲ့ပတ်သတ်ရင် သူက အမြဲစိတ်လှုပ်ရှားနေမိတာ။ ထုံးစံအတိုင်း Americano တစ်ခွက်ကို သောက်ပြီး ဟိုတွေးဒီတွေးပေါ့။သူ စောင့်နေတုန်း မျက်စိရှေ့ရောက်လာတာက မျှော်နေတဲ့သူ မဟုတ် ဂျီမင်း ဖြစ်နေတယ်။ အခုလိုအချိန်မှာ သူ အဲ့ကောင်လေးနဲ့ စကားပြောချင်စိတ်မရှိ။ ပြီးတော့ ဒီဇင်ဘာ စိတ်ကွက်နိုင်တဲ့ ဘယ်အပြုအမူကိုမှ မလုပ်ချင်။ ဒါပေမဲ့ သူ့ဆီကို တန်းတန်းမတ်မတ်လျှောက်လာတဲ့ ဂျီမင်းကြောင့် သက်ပြင်းတစ်ချက်ချမိသွားတယ်။
"အစ်ကို အဆင်ပြေရဲ့လား"
ဘာကိုမေးချင်တာလဲ သူ သေချာမသိပေမဲ့ ပြီးပြီးရောပဲ ဖြေလိုက်တယ်။
"ပြေပါတယ်"
"အင်း ထယ်ယောင်း ရော"
"မရှိဘူးလေ"
"ဟုတ်လား သူနဲ့တွေ့ချင်လို့ လာတာ အမေက သူ့ကို မေးနေလို့"
"ဪ"
သူ့ဘက်က ထွေထွေထူးထူးပြောစရာ မရှိလို့ ဆက်မပြောတော့ပေမဲ့ သူ့ဘေးခုံမှာ ဝင်ထိုင်လိုက်တဲ့ ဂျီမင်းကြောင့် စိတ်ကသိကအောက်ဖြစ်သွားတယ် ။
"ဂျီမင်း ညီ ဘာကိစ္စရှိသေးလို့လဲ"
"အင်း ထယ်ယောင်းကို စောင့်မလို့လေ"
"ဒီဇင်ဘာက ဆိုင်မလာတာ ကြာပြီ"
"ဟုတ်လား ဒါပေမဲ့ ဒီနေ့တော့ သူလာမှာပါ "
"သေချာနေပါလား ဂျီမင်းရဲ့"
"အစ်ကို ကောင်တာမှာ မထိုင်ဘဲ ဒီခုံမှာ လာထိုင်နေတည်းက လာဖို့ သေချာတယ်"
ဒီဇင်ဘာနဲ့ပတ်သတ်ရင် ဂျီမင်းကတောင် သူ့ကို အလွတ်ရနေတဲ့အထိပဲလား။ မဟုတ်ဘူး... ဆိုင်က ကောင်လေးတွေလည်း သူ့ကို အလွတ်ရနေပုံပဲ။
နှစ်ယောက်ကြား တိတ်ဆိတ်သွားပြီး ဂျီမင်းကလည်း Cappuccino တစ်ခွက်မှာကာ သူ့ဘာသာ သောက်နေတယ်။ သူလည်း သူ့အာရုံနဲ့သူ လွင့်နေလိုက်တယ်။
YOU ARE READING
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romance[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...