ဒီဇင်ဘာက သူ့အိမ်မှာပဲ နေ နေတာ ၅ ရက်ရှိပြီ။ သူကတော့ Mr.Kim ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြထားရတယ်။ ဒီဇင်ဘာ က ၅ ရက်အတွင်း ဘယ်သူ့ဖုန်းကိုမှ မကိုင်ဘဲ နေတယ်။ မနက်ကတည်းက သူနဲ့အတူ ဆိုင်ကိုလိုက်ပြီး သူပြန်တဲ့အချိန်ကျ လိုက်ပြန်တယ်။သူကတော့ ဒီဇင်ဘာ့မျက်နှာ တကြည့်ကြည့်နဲ့သာ ဘာပဲဖြစ်ချင်ဖြစ်ချင် လိုက်ဖြည့်ဆည်းပေးမိတယ်။ သူ့ကလေး စိတ်အားငယ်နေမှာ စိုးရိမ်မိလို့။ ဒီဇင်ဘာ့အဖေဆီ ပြန်ဖို့ကိုတောင် စကားမစမိ။ ဒီဇင်ဘာ့ဘက်က တောင်းဆိုလာရင်တော့ သူက အစစအရာရာ လိုက်လုပ်ပေးရုံသာ။
ဒီနေ့ သူ ဆိုင်ရောက်တော့ တွေ့လိုက်ရတာက ထောင့်ခုံမှာထိုင်နေတဲ့ ဂျီမင်း။
သူနဲ့ ဒီဇင်ဘာကို မြင်တော့ ခုံက ထလာတယ်။ ဒီဇင်ဘာက မသိချင်ယောင်ဆောင်ပြီး သူ့လက်ကိုဆွဲကာ Counter ဆီကို ဆက်သွားတယ်။ ဂျီမင်းကလည်း Counter ဆီလိုက်လာပြီး စကားစတယ်။"အစ်ကို ကျနော် ထယ်ယောင်းနဲ့ စကားပြောချင်လို့"
"ဪ အင်း အစ်ကိုက ရတယ် ဒီဇင်ဘာက ပြောချင်ပါ့မလား"
သူ ဒီဇင်ဘာ့မျက်နှာကြည့်ပြီး ပြန်ဖြေတော့ ဂျီမင်းက ဒီဇင်ဘာ့ကို တောင်းဆိုတယ်။
"ထယ်ယောင်း ငါတို့ စကားခဏပြောရအောင် "
"ဘာအတွက်လဲ ဂျီမင်း "
"အရာအားလုံးအတွက်ပေါ့"
"ငါ့ဘက်ကတော့ မင်းကို တောင်းပန်ပါတယ်ကလွဲပြီး ပြောစရာမရှိဘူး"
"ငါ့ဘက်ကတော့ ရှိတယ် ထယ်ယောင်း မင်း အမေနဲ့ ဦးကို မသနားဘူးလား"
"ပါးပါးနဲ့ မားမားကို ငါက ဘာလို့သနားရမှာလဲ အခု ငါက တစ်ကောင်ကြွက်ပဲကို"
"အမေလည်း စိတ်မကောင်းဖြစ်နေတယ် ဦးကလည်း မင်းကို ဘယ်လောက်ထိချစ်လဲ မင်းပိုသိမှာပါ ထယ်ယောင်း ကျေးဇူးပြုပြီး အရင်ကလိုပဲ ပြန်နေကြရအောင် ဦးဆီကို ပြန်သွားလိုက်ပါ"
"မင်းက ငါ့ကို မုန်းနေတာ မဟုတ်ဘူးလား ဂျီမင်း ငါမရှိတော့ ပိုအဆင်ပြေတယ်မလား အားလုံး"
"မင်းကို မမုန်းပါဘူး ထယ်ယောင်း ငါက မနာလိုဖြစ်ခဲ့ရုံပါ အခု မင်းကို အကုန်လုံးက ဝိုင်းချစ်လည်း ငါ အဆင်ပြေပါတယ် ပြန်လာခဲ့ပါ"
![](https://img.wattpad.com/cover/250004988-288-k695249.jpg)
DU LIEST GERADE
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romantik[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...