ချစ်သော ဒီဇင်ဘာ(Dear December)-Extra

4.7K 269 2
                                    


ဂျောင်ကုနဲ့ ဒီဇင်ဘာ လက်ထပ်ပြီးတာ ၁၀ နှစ် ရှိခဲ့ပြီ။ အခုထိတော့ ဂျောင်ကုမျက်လုံးထဲ ဒီဇင်ဘာက ကလေးလေးပါပဲ။ ဒီဇင်ဘာငယ်ကတော့ အိမ်ထောင်သက်တမ်းကြာလာလေလေ ဂျောင်ကုအပေါ် ပိုဆိုးနွဲ့လာလေလေ။ ဂျောင်ကုမှာလည်း အလိုလိုက်ပြီး ချစ်စရာဆိုလို့ ဒီကလေးငယ်တစ်ယောက်ပဲ ရှိတာပါ။

သို့

ပါးပါးရဲ့ ယောင်း‌လေးရေ

လမ်းဘေးပလက်‌ဖောင်းမှာ ၂ နှစ်အရွယ်ကလေးလေးကို ချီပိုးထားတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရယ်ရယ်‌မောမော စကားတွေပြောပြီး လမ်းလျှောက်နေကြတယ်။ ဘရိတ်ပေါက်ပြီး လမ်းဘေးကို ထိုးဆင်းလာတဲ့ အနက်ရောင်ကားတစ်စီးကြောင့် အမြန်ရှောင်ဖို့ ပြင်လိုက်ပေမယ့် မမှီကြတော့တဲ့ အမျိုးသားနဲ့ အမျိုးသမီး။ ဒါပေမယ့် အမျိုးသားက ကလေးလေးကိုတော့ မထိခိုက်မိအောင် အုပ်မိုးကာကွယ်ထားခဲ့တယ်။ သွေးသံရဲရဲတွေကြား မျက်လုံးလေးတွေ တောင်ကြည့်မြောက်ကြည့်နဲ့ အာခေါင်ခြစ် အော်ငိုနေတဲ့ ကလေးလေးတစ်ယောက်။ ပါးပါးသတိမလစ်ခင်မှာ မြင်လိုက်ရတဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့ ဖိုးလမင်းလေး။ အဲ့ကတည်းက ပါးပါး သားလေးအပေါ်  သနားစိတ်နဲ့ ချစ်ခင်မိခဲ့တယ်ထင်ပါရဲ့။

ပါးပါးရဲ့အမှားကြောင့် အဲဒီ့နေရာမှာတင် ဆုံးပါးသွားတဲ့ ယောင်းလေးရဲ့ မိဘအရင်းတွေကိုတော့ ပါးပါးမျက်နှာမပြဝံ့ပါဘူး။ ပါးပါးဆေးရုံမှာ သတိပြန်ရလာတဲ့အခါ အရင်ဆုံးမေးမိတာက မျက်နှာဝိုင်းဝိုင်းပြည့်ပြည့်နဲ့ ဖိုးလမင်းလေးပါပဲ။ အဲ့အချိန် ပါးပါးမှာ ၂ နှစ်ကျော်အရွယ်သားလေး တစ်ယောက်လည်း ရှိနေပြီ... အဲ့ဒါက ဂျီမင်းလေး ပါပဲ။ ပါးပါးမိဘတွေရဲ့ကျေးဇူးကြောင့် ပါးပါးဟာ ထောင်မကျခဲ့ဘူး။

သားရဲ့မားမားဟာ သားကို မွေးစားဖို့ပြောချိန်မှာ အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ ဘာလို့ဆို ပါးပါးတို့မှာ ဂျီမင်းလေး ရှိနေတာမို့လေ။ ဒါပေမဲ့ ပါးပါးကတော့ မရ ရအောင် ပါးပါးသားလေးကို မွေးစားခဲ့တယ်။ ဘာကြောင့်လဲဆို ငိုနေတဲ့ ဖိုးလမင်းလေးကို ပါးပါးရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ထွေးပွေ့ပေးသွားချင်လို့ပါပဲ။ ဒါကြောင့်ပဲ သားရဲ့မားမားက ပါးပါးနဲ့ကွာရှင်း ပြတ်စဲပြီး သူ့ရဲ့ငယ်ချစ်ဦးနဲ့  လက်ထပ်တယ်။ ဂျီမင်းလေးပါ တခါတည်းခေါ်သွားတယ်။ ဒါပေမဲ့လည်း သားရဲ့မားမားက သားကို သိပ်ချစ်ရှာပါတယ်။

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedOù les histoires vivent. Découvrez maintenant