ချစ်သော ဒီဇင်ဘာ(Dear December)-14

2.8K 247 2
                                    


ဆိတ်ငြိမ်အေးဆေးတဲ့ အထက်တန်းစားသောက်ဆိုင်တစ်ဆိုင်မှာ ဂျောင်ကု ဒီဇင်ဘာ့ပါးပါးကို မျှော်‌နေမိတယ်။ ချိန်းထားတဲ့အချိန်ထက် သူက နာရီဝက်လောက် ကြိုရောက်နေပေမဲ့လည်း စိတ်လှုပ်ရှားစွာ ကိုယ်လက်ကိုကိုယ် ပြန်ဆုပ်ကိုင်ထားမိတယ်။

5 မိနစ်အလိုမှာ ဆိုင်ထဲဝင်လာတဲ့ Mr.Kim ကိုတွေ့တော့ သူ မတ်တပ်ရပ်ပြီး လက်ပြလိုက်တယ်။ Mr.Kim က ခေါင်းတစ်ချက်ဆတ်ပြပြီး သူရှိရာလာနေတာမို့ ပြန်မထိုင်သေးဘဲ မတ်တပ်ရပ်နေမိတယ်။

"ဂျောင်ကု သား ရောက်နေတာကြာပြီလား ဦး နောက်မကျဘူးမလား"

ဝင်ထိုင်ရင်းပြောတော့ သူပါ ပြန်ထိုင်ရင်းဖြေလိုက်တယ်။

"နောက်မကျပါဘူး ကျနော်က စိတ်စောနေတာပါ ဦး"
"ဘာမှာမလဲ ဦး ကျနော်ကတော့ မှာထားပြီးပြီ"

"အင်း ဂျောင်ကု Steak Medium နဲ့ Apple Juice တစ်ခွက်ပဲပေးပါ ကလေး"

Mr.Kim က ဘေးနားလာရပ်နေတဲ့ Waiter လေး ကို မှာပြီးတော့ သူ့ကို စကားစတယ်။

"ဂျောင်ကု ယောင်းလေးနဲ့က အခြေအနေ ဘယ်လိုလဲ"

"ဟုတ်ကဲ့ ဦး ကျနော်တို့ ချစ်သူတွေ ဖြစ်နေပါပြီ အာ ပြန်ဖြစ်နေပြီလို့ ပြောရမယ် ဦး"

"အင်း ဦး သိပါတယ် ယောင်းလေးက ကလေးဆန်ပြီး ဆိုးချင်တာတော့ ဂျောင်ကုသိမှာပါ ဦး စိုးရိမ်တာက ယောင်းလေးကို ဂျောင်ကုက ဘယ်လောက်ထိ သည်းခံနိုင်ပါ့မလဲ"

အဖေတစ်ယောက်ရဲ့စိုးရိမ်မှုကို ဂျောင်ကုနားလည်ပါတယ်။ သူ့ဘက်က ဘယ်လိုအဖြေမျိုးက Mr.Kim စိတ်ချစေနိုင်မယ်ဆိုတာ မသိပေမဲ့ သူ့စိတ်ရင်းကိုတော့ သူသာအသိဆုံးမို့။

"ဦးဘက်က စိုးရိမ်နေတာကို ကျနော် နားလည်ပါတယ် ကျနော်က ဒီဇင်ဘာ့ကို လွန်ခဲ့တဲ့ ၆ နှစ်ကျော်တည်းက စသိပြီး စချစ်ခဲ့တာပါ အခု ဒီဇင်ဘာက လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ဒီဇင်ဘာထက်များ က‌လေးဆန်ပြီး ဂျီကျနိုင်ပါ့မလား ဦး"
"ကျနော့်အတွက်တော့ အရင်တည်းက ဒီဇင်ဘာ့ကို ဆိုးတယ်လို့ မမြင်ခဲ့ပါဘူး ဒီဇင်ဘာက လိမ္မာပြီး စိတ်ထားနူးညံ့တဲ့ ကလေးတစ်ယောက်ပါ"

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedWhere stories live. Discover now