အခု ဂျောင်ကု ဒီဇင်ဘာတို့အိမ်မှာ။ တိတိကျကျပြောရရင် ဒီဇင်ဘာ့ပါးပါး Condo မှာပေါ့။ ဒီဇင်ဘာနဲ့အတူ သူ့ပါးပါးကို လာစောင့်နေပေးရတာ။ ဒီဇင်ဘာငယ်က သူ့ပါးပါးဆီ ပြန်လာတာကို ရှိန်နေလို့ သူပါ အတူစောင့်ပေးနေရတယ်။ ဒီဇင်ဘာက သူနဲ့အတူ ဧည့်ခန်းက သုံးယောက်ထိုင် ဆိုဖာပေါ်မှာ။ခဏကြာတော့ တံခါးဖွင့်သံကြားလိုက်ရတာမို့ ဒီဇင်ဘာ့ပါးပါး ပြန်လာပြီဆိုတာ သိလိုက်တယ်။
စိတ်လှုပ်ရှားနေဟန်ပေါ်တဲ့ ဒီဇင်ဘာ့ကို သူ မသိမသာ အကဲခတ်နေမိတယ်။ ဒီဇင်ဘာ့ပါးပါးက ဧည့်ခန်းထဲကို တန်းဝင်လာပြီး မျက်နှာချင်းဆိုင်ဆိုဖာပေါ်မှာ ထိုင်တယ်။ သူ့ကို ကျေးဇူးတင်တဲ့မျက်လုံးနဲ့ တစ်ချက်ကြည့်ပြီး ဒီဇင်ဘာ့ဆီကို ပြန်ကြည့်တယ်။"ယောင်းလေး"
"ဟုတ် ပါးပါး"
ခေါင်းငုံ့ပြီး ဒီဇင်ဘာက ပြန်ဖြေရှာတယ်။
"ယောင်းလေး ပါးပါးကို ကြည့်ပါဦး"
Mr.Kim ပြောတော့ ခေါင်းငုံ့နေရာက မျက်လုံးလှန်ကြည့်တယ်။
"ပါးပါးကို မျက်နှာချင်းဆိုင်ပြီး မကြည့်ချင်တော့တာလား ယောင်းလေး"
"မဟုတ်ပါဘူး ပါးပါး သားက အားနာလို့ပါ ပါးပါးကို"
ချက်ချင်းခေါင်းမော့ပြီး ပြန်ဖြေလာတဲ့ ဒီဇင်ဘာ က အသံတွေတုန်နေပြီး မျက်ရည်တွေဝိုင်းနေတယ်။
"ယောင်းလေး ပါးပါးက သားကို အမှန်အတိုင်း မပြောပြခဲ့မိလို့ ပါးပါးကို ခွင့်လွှတ်ပါ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပါးပါးက ယောင်းလေးကို ဘယ်လောက်ထိချစ်လဲ သိတယ်မလား"
"သား သိပါတယ် ပါးပါး သားကို စိတ်မဆိုးပါနဲ့ "
"ပါးပါးက ယောင်းလေးကို စိတ်မဆိုးပါဘူးကွယ် ပါးပါးက စိတ်ပူတာပါ ယောင်းလေး ပါးပါးနဲ့အတူ ပြန်လာနေတော့နော်"
"ဟုတ် ပါးပါး"
မဖြေခင် ဒီဇင်ဘာက သူ့ကို တစ်ချက်ကြည့်လာတာမို့ သူပြုံးပြပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။
"ပါးပါး ယောင်းလေး ပါးပါးဆီ လာပါဦး "
ထိုင်နေရင်း လက်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်ဖွင့်ကြိုဆိုနေတဲ့ Mr.Kim ဆီကို ဒီဇင်ဘာက နှာတရှုံ့ရှုံ့နဲ့လျှောက်သွားပြီး ပေါင်ပေါ်တက်ထိုင်ကာ တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ငိုတယ်။
ဒီဇင်ဘာ့ကို ပြန်ဖက်ထားတဲ့ Mr.Kim ကလည်း မျက်ရည်တွေကျနေတယ်။

VOCÊ ESTÁ LENDO
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romance[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...