ချစ်သော ဒီဇင်ဘာ(Dear December)-1

13.1K 468 9
                                    


ဒီနေ့ ရာသီဥတုက သာယာသယောင်ရှိတယ်။နွေရာသီရဲ့ ပူလောင်မှုက တရှိန်ရှိန်ပဲ။ တိမ်ထူထူ ကောင်းကင်ပြာပြာကလည်း လှပကျော့ရှင်းနေတယ်။ ဒီလို အပူရှိန်မြင့်မြင့်ထဲမှာ လူတွေ ဟိုဟိုဒီဒီ သွားနေတာကို ငေးကြည့်ရင်းနဲ့ ကိုယ် ဒီဇင်ဘာကို လွမ်းတယ်။ ကော်ဖီဆိုင်လေးထဲကနေ ဒီဇင်ဘာမကြိုက်တဲ့ ကော်ဖီခါးခါးတစ်ခွက်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်ရင်း နွေရာသီပူပူလောင်လောင်မှာ ဒီဇင်ဘာကို လွမ်းတယ်။ ကိုယ့်ရဲ့  တစ်နှစ်ပတ်လုံး လည်ပတ်မှု‌တွေထဲမှာ ဒီဇင်ဘာကို လွမ်းတဲ့အလွမ်းတွေ အပြည့်။ နှင်းတွေလွှမ်းတဲ့ ဒီဇင်ဘာလဆို ပိုဆိုး။ ဒီဇင်ဘာဟာ ဒီဇင်ဘာမှာ ကိုယ့်ကို ထားသွားခဲ့တယ်။ ဒီဇင်ဘာ ရင်ငွေ့နဲ့ဝေးတဲ့ ကိုယ်ဟာ မသေရုံတမယ် ဆက်ရှင်သန်ခဲ့ရတယ်။ ဘဝဟာ ဘာအတွက်လဲ... ရှင်သန်ခြင်းတွေ အဓိပ္ပါယ်မဲ့သလို စောင့်မျှော်ခြင်းနဲ့ အသားကျလာတယ်။ ဒီဇင်ဘာ ငိုတဲ့ညက ကိုယ့်ကမ္ဘာပြိုတယ်။ မထုံတတ်တေး နဲ့ ဒီဇင်ဘာ ဟာ ကိုယ့်ကို ဒီဇင်ဘာထဲ ပိတ်လှောင်စေခဲ့တယ်။ မျှော်လင့်ခွင့်ရသေးရင်တော့ ဒီဇင်ဘာ့လက်ကိုတွဲ ဒီဇင်ဘာနှင်းတွေကြား နောက်တစ်ခေါက် ထပ်လျှောက်ပြီး အကြင်နာအနမ်းတွေ ပုံဖော်ချင်သေးတယ် ချစ်သော ဒီဇင်ဘာ။

မနက်ခင်း ကော်ဖီဆိုင်ဖွင့်ပြီးတာနဲ့ ပထမဆုံးလုပ်ဖြစ်တာက ကော်ဖီခါးခါးတစ်ခွက်ကိုင် ဆိုင်မှန်နံရံတွေရှေ့ မတ်တပ်ရပ်ပြီး လမ်းပေါ်က ပျားပန်းခတ် လှုပ်ရှားသွားလာနေတဲ့လူတွေကိုကြည့်တာပဲ။ အဲဒီ့လူတွေထဲ ဒီဇင်ဘာများ ပါလိုပါငြား မျှော်လင့်ချက်နဲ့။ ကော်ဖီတစ်ခွက် ကုန်တဲ့အခါတော့ သူ Counter ခုံမှာထိုင်ပြီး သူ့ရဲ့အချိန်တွေကို အလုပ်ထဲနှစ်မြှုပ်ထားလိုက်တယ်။ ည ၇ နာရီလောက်ဆိုရင် သူ့ဆိုင်ကို ပိတ်လိုက်ပြီး အိမ်ပြန်တယ်။ လမ်းတစ်လျှောက်မှာ ဒီဇင်ဘာချစ်တဲ့ ခရမ်းရောင်အရုပ်ဆိုင်လေးရယ်၊ ဒီဇင်ဘာကြိုက်တဲ့ တော့ပိုကီဆိုင်ရယ်၊ ဒီဇင်ဘာဖြစ်ချင်တဲ့ သစ်ပင်ကြီးတစ်ပင်ရယ် ရှိတယ်။  အိမ်ရောက်ရင် သူ ရေမိုးချိုး ညစာစားပြီးတာနဲ့ ဒီဇင်ဘာမကြိုက်တဲ့ ကော်ဖီတစ်ခွက်ထပ်သောက်ရင်း ဝရန်တာကနေ ကောင်းကင်က ကြယ်တွေကို ကြည့်ပြီး သူ့ဒီဇင်ဘာ ဘယ်မှာလဲ မေးဖြစ်တယ်။ ဒါမှမဟုတ် ဒီဇင်ဘာကို ပြန်လာဖို့ပြော‌ပေးပါဦး စကားပါးရတယ်။ ဒါ ဒီဇင်ဘာထွက်သွားပြီးနောက် သူ့ နေ့စဉ် မပျက်မကွက် ဖြတ်သန်းနေမှုတွေ။

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ