ဘာလိုလိုနဲ့ ဒီဇင်ဘာလလယ်တောင် ရောက်လာခဲ့ပြီ။ ဂျောင်ကုရဲ့ နေ့ရက်တွေကတော့ ပုံမှန် အလွမ်းတွေရယ် ကော်ဖီခါးခါးရယ်နဲ့ လည်ပတ်နေဆဲ။ သူ့ဒီဇင်ဘာနဲ့ဝေးတာ အခုဆို ၅ နှစ်ကျော်ခဲ့ပြီ။ သူ့ကို ထားခဲ့တာပေါ့။ဒီနေ့တော့ ရာသီဥတုက ကြည်ကြည်လင်လင်နဲ့ ကောင်းကင်ကြီးက ပြာလွင်လွင် အဖြူရောင် တိမ်စိုင်တွေလည်း ဟိုဟိုဒီဒီပြန့်ကျဲနေတယ်။ Lunch time ဆိုတော့ Coffee လာသောက်တဲ့သူတွေ ဝယ်တဲ့သူတွေလည်း များတယ်။ အခုဆို သူ့ဆိုင်လေးမှာ ဝန်ထမ်း ၄ ဦး ထပ်ခန့်ထားတယ်။ အရင်လို သူတစ်ယောက်တည်း မဟုတ်တော့ဘူး။ ဒါကြောင့် မနက်ခင်းတိုင်း သူ စိတ်ဖြောင့်ဖြောင့်နဲ့ ဒီဇင်ဘာကို လွမ်းလို့ရတယ်။ ခုလို လူအရမ်းကျနေချိန်ဆိုရင်တော့ သူက Counter ကနေ Order ကောက်ပြီး ပိုက်ဆံရှင်းတဲ့အလုပ်ကို ကူလုပ်ပေးတယ်။ တယောက်ပြီးတယောက် Order ကောက်ပြီး နောက်ဆုံးကျန်တဲ့ ကောင်လေးတစ်ယောက်က ဘာမှမမှာသေးတာမို့ သူမော့မကြည့်ဘဲ မေးလိုက်တယ်။
"ဘာမှာမလဲ ကောင်လေး"
သူမေးတာ ပြန်မဖြေတာမို့ မော့ကြည့်လိုက်တော့ မျက်နှာမှာ Mask အုပ်ထားပြီး ဦးထုပ်ကလည်း ဆောင်းထားသေးတာစ။ သူ ထပ်မေးလိုက်တယ်။
"ဘာသုံးဆောင်မလဲ ခင်ဗျ"
"Hot Chocolate 1 ခွက် ပေးပါ"
"............."
Hot Chocolate လို့ ပြောတဲ့ခပ်သြသြအသံကြားတဲ့အချိန် သူ ရုတ်တရက် အေးခဲသွားတယ်။ သူ့ ဆိုင် Menu ထဲမှာ Hot Chocolate ဆိုတာမရှိဘူး။ ဒီဇင်ဘာ သူ့ဆီကထွက်သွားတည်းက Hot Chocolate ကို သူ ဖြုတ်ပစ်ခဲ့တာ။ ဒီဇင်ဘာက သူ့ကိုပြောခဲ့ဖူးတယ် "Hot Chocolate က ကျနော့်မူပိုင်" ဆိုပြီးတော့။
"Hot Chocolate 1 ခွက်"
"ဒီဇင်ဘာလားးးးး"
သူမေးတော့ ဘာမှမပြောဘဲ လှည့်ထွက်သွားတယ်။ သူ နောက်ကပြေးလိုက်ပေမဲ့ လူတွေကြားထဲ ရောနှောသွားတာမို့ မတွေ့တော့ဘူး။ ဒီဇင်ဘာ့ ကို သူတွေ့ဖို့ နီးစပ်လာနေပြီလို့ ခံစားမိတယ်။ အခုတော့ သူ့ဆိုင်လေးရှိရာကိုပဲ ပြန်လာရတယ်။
ဒီဇင်ဘာက တွေ့စေချင်မှ သူက တွေ့ခွင့်ရမယ့်လူ ဖြစ်နေတယ်။ အရာရာက ဒီဇင်ဘာ့စိတ်သဘောအတိုင်း ဖြစ်ခဲ့တာတောင်မှ သူ့ကိုရှင်းပြခွင့်မပေးခဲ့ဘဲ ထားသွားခဲ့တာပဲ။
![](https://img.wattpad.com/cover/250004988-288-k695249.jpg)
YOU ARE READING
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romance[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...