အခုဆို သူနဲ့ ဒီဇင်ဘာတို့ လက်ထပ်တာ ၆ လပြည့်ပြီ။ ဒီဇင်ဘာငယ်က သူရဲ့ မူရင်း Jeon's December ဆိုတဲ့ဆိုင်မှာ ထိုင်တယ်။ သူကတော့ ဆိုင်ခွဲအားလုံး ပတ်ကြည့်ရတယ်။ အခုဆို သူ့ဆိုင်ခွဲက ၁၀ ဆိုင်တိတိ ရှိနေပြီ။ ဒါကလည်း ကလေးရဲ့ကျေးဇူးကြောင့်။ ဒီဇင်ဘာ့ပါးပါးလက်ဖွဲ့ငွေရယ်၊ အိမ်ဝယ်ဖို့မလောက်တဲ့ သူ့ပိုက်ဆံတွေရယ် ကို သူ့ရဲ့စီးပွားရေးမှာပဲ ထပ်မြှုပ်နှံဖို့ ဒီဇင်ဘာက သူ့ကို အမိန့်ပေးခဲ့တာပင်။အမိန့်ပေးခဲ့တာလို့ပြောရတာက သူက ဒီဇင်ဘာ့ဆန္ဒကို ငြင်းပယ်နိုင်စွမ်းမရှိလို့။ မျက်လုံးနဲ့ တစ်ချက်ကြည့်တာနဲ့ သူက အနေအထိုင်ဆင်ခြင်ရတယ်။ ပဲများတာ မကြိုက်ဖူးဆိုပြီးလည်း ပြောတတ်သေးတာ။ သူကတော့ ဒီဇင်ဘာ့ကို အလိုလိုက်နေရရင်ကို ပျော်နေတာပါ။
အားလုံးက အဆင်ပြေပြေပဲ ဖြတ်သန်းနေရပြီး ဒီဇင်ဘာ့ Trauma ကိုလည်း သူနဲ့အတူ တစ်ပတ်တစ်ခါသွားပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တယ်။ Mental Treatment တွေ လုပ်ပေးတာမို့ အခုဆို တော်တော်အဆင်ပြေလာပြီ။ အဲ့အကြောင်းပြောရင် အရင်လိုမဟုတ်တော့ဘူး သူ့စိတ်ကိုသူ ထိန်းနိုင်သွားတယ်။
ဒီနေ့ ဂျောင်ကု မြို့ထဲက ဆိုင်ခွဲတစ်ခုမှာ ရောက်နေတုန်း ဒီဇင်ဘာ့ဆိုင်ဖုန်း ဝင်လာတာမို့ ထူးဆန်းသွားတယ်။
"ဟဲလို ဒီဇင်ဘာလား"
"ဟဲလို မဟုတ် မဟုတ်ပါဘူး ကျနော် ဆွန်းဝူပါ အစ်ကိုဂျောင်ကု အခု ကျနော်တို့ ဆိုင်ကိုလာခဲ့ပါ အစ်ကိုထယ်ယောင်း ပြဿနာတက်နေပြီ"
"အေး အေး အခုလာပြီ"
ဂျောင်ကု ချက်ချင်းဖုန်းချပြီး ဒီဇင်ဘာ့ဆီ ကားကို အမြန်ဆုံးမောင်းလာတယ်။ ဘာပြဿနာတက်မှန်း သူမသိပေမဲ့ ဒီဇင်ဘာကိုယ်တိုင် ဖုန်းမဆက်နိုင်ဘူးဆိုရင် ဒါက ပြဿနာကြီးပဲဆိုတာ သူသိနေတယ်။
ဆိုင်ရှေ့ ကားကို ဒီတိုင်းရပ်ထားခဲ့ပြီး အထဲဝင်လာလိုက်တော့ ဒီဇင်ဘာ့ကို Counter မှာ မတွေ့။
"ဒီဇင်ဘာ ဘယ်မှာလဲ"
ကောင်လေးတွေကိုမေးတော့ Counter အောက်ကို လက်ညှိုးထိုးပြတယ်။
![](https://img.wattpad.com/cover/250004988-288-k695249.jpg)
VOCÊ ESTÁ LENDO
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romance[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...