ချစ်သော ဒီဇင်ဘာ(Dear December)-15

2.6K 256 0
                                    


ပူပြင်းတဲ့ နွေရာသီက ဒီနေ့မနက် ပိုပူနေသလိုပဲ။ ဒီနေ့မနက်စောစော ဂျောင်ကု Americano တစ်ခွက်သောက်ပြီး အပြင်ကို ရပ်ကြည့်မိတယ်။ နှင်းကျတဲ့ဒီဇင်ဘာ မဟုတ်ပေမဲ့ ဒီဇင်ဘာသူ့နားမှာ မရှိတော့တာ မဟုတ်ပေမဲ့ပေါ့။ ဒီဇင်ဘာ့ပါးပါးပြောတဲ့စကားတွေ နားထောင်ပြီးတဲ့နောက် သူ ဘာဆက်လုပ်ရမယ်မှန်းမသိတော့ဘူး။ ဒီဇင်ဘာ့ ကို အဲ့ဒီအကြောင်းတွေ မသိစေဘဲနဲ့ သူက လက်ထပ်ဖို့ကို အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ။

"အစ်ကို"

အတွေးထဲနစ်နေရာက ရုတ်တရက်ခေါ်သံကြောင့် သူလန့်သွားမိတယ်။

"အဟား ဟား ဟ လန့်သွားတာလား ဘာတွေတွေးနေတာလဲ"

"ဪ ရယ်တယ်ပေါ့ ကိုယ်လန့်တာကို လာပါဦး ဒီကို"

သူ့ဘေးမှာထိုင်ဖို့ ခုံကိုပုတ်ပြီးပြောတော့ လာထိုင်ပြီး သူ့မျက်နှာကို အတင်းလိုက်ကြည့်နေတယ်။

"ဘာတွေ တအားကြည့်နေတာလဲ ဒီဇင်ဘာရဲ့"

"ဟင် အစ်ကိုက ဘာဖြစ်နေတာလဲဟင် "

"ဘာမှမဖြစ်ပါဘူး ဒီဇင်ဘာရဲ့ ဘာလို့မေးတာလဲ"

"ဒါဆို ဘာလို့မျက်နှာမကောင်းတာလဲ မနေ့က ပါးပါးက ဘာပြောလိုက်လို့လဲဟင် အစ်ကို"

သူ့မျက်နှာကို အတင်းလိုက်ကြည့်ပြီး ထပ်မေးခွန်းထုတ်တဲ့ သူ့ကလေး။

"ဟုတ်လား မျက်နှာက မကောင်းဘူးလား မျက်နှာမကောင်းတဲ့ ကိုယ့်ကို မျက်နှာကောင်းအောင် လုပ်ပေးပါလား"

သူ့ပါးပြင်ကို ထိုးပေးပြီးပြောတော့ လှစ်ကနဲ နမ်းပြီး ရှက်ရယ် ရယ်တယ်။

"ဒီဇင်ဘာ့ကို အမြဲရယ်နေစေချင်တယ် အင်း အမြဲပျော်ရွှင်နေစေချင်တယ် ကိုယ့်ရဲ့စိတ်ကို သိတယ်မလား ကလေး"

ခေါင်းလေးကို ဖွဖွလေးသပ်ရင်းပြောမိတယ်။

"ဟုတ်"
"အစ်ကို ပါးပါးက ဘာပြောလဲဟင် မနေ့က"

"ဟင် ဘာပြောရမှာလဲ ဒီဇင်ဘာရဲ့ ဦးလေးက ဒီဇင်ဘာနဲ့ မခွဲနိုင်သေးလို့ လက်ထပ်ဖို့ကို စောင့်ပါဦးတဲ့"

"အွန်း အစ်ကိုက ဘာပြန်ပြောလိုက်လဲ"

"ဟုတ်ကဲ့လို့ပဲ ပြောရတာပေါ့ ကလေးရဲ့"

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedWhere stories live. Discover now