ဒီညက သူနဲ့ ဒီဇင်ဘာအတွက် ပထမဆုံးညဆိုတော့ ဂျောင်ကုရင်တွေ အဆမတန်ခုန်နေတယ်။ လိမ္မာတဲ့ဒီဇင်ဘာက သူ့ကို အိမ်အသစ်ဝယ်ပေးဖို့ မပူဆာခဲ့ဘူး။ သူ့ရဲ့တိုက်ခန်းမှာပဲ နေမယ်လို့ပြောလို့ ကျေးဇူးတင်ရတယ်။ မြန်မြန်ဆန်ဆန်လုပ်ဖြစ်သွားတဲ့ မင်္ဂလာပွဲပေမဲ့ သူ့ဘက်က လစ်ဟာမှုမရှိအောင် လုပ်နိုင်ခဲ့တယ်။ တစ်ခုပဲ... အိမ်တစ်လုံးဝယ်နိုင်လောက်တဲ့အထိ လောလောဆယ် သူ့လက်ထဲ ပိုက်ဆံရှိမနေ။ ဒါကြောင့် နောက်မှ ဒီဇင်ဘာ့စိတ်တိုင်းကျ ဆောက်ပေးတော့မယ်လို့ပဲ စိတ်ကူးမိတော့တယ်။ သူ့ Coffee ဆိုင်ခွဲ နေရာတစ်ခုကို ရောင်းမယ်ဆိုရင်တော့ ပိုက်ဆံလောက်ပါပြီ။
သူ Bathrobe ဝတ်ပြီး ထွက်လာတဲ့အထိ ဒီဇင်ဘာက ဧည့်ခန်းမှာထိုင်နေတုန်း။
"ဒီဇင်ဘာ ရေလာချိုးတော့လေ ကလေး နောက်ကျရင် ဖျားမယ်"
"ဟုတ်"
သူ့ကို တစ်ချက်ကြည့်ပြီး အိပ်ခန်းထဲပြေးဝင်သွားတယ်။ သူပါ လိုက်ဝင်ပြီး ဒီဇင်ဘာ့အတွက် ညအိပ်ဝတ်စုံလေး ထုတ်ပေးထားလိုက်တယ်။ အတော်ကြာတဲ့အထိ ထွက်မလာလို့ ရေချိုးခန်းရှေ့က သွားခေါ်ရတယ်။
"ဒီဇင်ဘာ ရေ ဖျားမယ် ထွက်လာခဲ့တော့နော် ဝတ်စုံ အဆင်သင့်ထုတ်ထားတယ်"
သူ့လိုပဲ Bathrobe လေးဝတ်ပြီး လုံးတုံးလုံးတုံး ထွက်လာတယ်။ မျက်နှာကလည်း ရဲနေတယ်။ တစ်ချက်တစ်ချက် သူ့ကို ခိုးခိုးကြည့်နေတာမို့
"ဘာဖြစ်လို့လဲ" မေးတော့ ခေါင်းခါပြတယ်။
သူ ဒီဇင်ဘာ့အနားကို သွားပြီး မျက်နှာလေးကို ဆွဲမော့ကာ သူ့ကိုကြည့်စေတော့ မျက်လုံးက တောင်ရောက်မြောက်ရောက်နဲ့။
"ရှက်နေတာပဲ ဘာမှတောင်မလုပ်ရသေးဘူးကွာ ဒီကလူက နှာဗူးကြီး ကျနေတာပဲ"
"ကိုယ် အသည်းယားလာပြီ ဘယ်လိုလုပ်ရမလဲ "ပြောရင်းနဲ့ ဒီဇင်ဘာ့နှုတ်ခမ်းတွေဆီ ဖိကပ်ပြီး နမ်းရှိုက်လိုက်တယ်။ ခံတွင်းထဲ ဝင်ခွင့်တောင်းတော့ ဖွင့်ဟပေးလာတယ်။ Bathrobe ကို ကြိုးဖြည်ပြီး အဝေးကိုပစ်လိုက်တော့ ကိုယ်ကို ကြုံ့ထားတယ်။ ညှပ်ရိုးဖြူဖြူတွေပေါ် သူ့နှုတ်ခမ်းတွေကို အခြေချမိတော့ ဒီဇင်ဘာငယ်က ညည်းသံပြုတယ်။ သူ့လက်တွေကို ဆုန်ချည် ဆန်ချည် အလုပ်ပေးထားပြီး ခန္ဓာငယ်ကို ပွတ်သပ်မိတော့ ညည်းသံလေး ပိုကျယ်လာတယ်။
YOU ARE READING
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romance[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...