ချစ်သော ဒီဇင်ဘာ(Dear December)-16

2.7K 246 1
                                    


"နိုးပြီလား ကလေး"

"တောင်းပန်ပါတယ် အစ်ကို"

"ကလေးက ဘာလို့တောင်းပန်နေတာလဲ ကလေးက ဘာမှမမှားဘူးလေ"

"ဒါပေမဲ့.."

"ရှူး ကိုယ့်ကိုယ်ကြည့် ကိုယ့်မျက်လုံးထဲကို သေချာကြည့် ဒီဇင်ဘာ ကိုယ်တို့ လက်ထပ်ကြရအောင် ကိုယ့်ကို ယုံတယ်မလား"

"အစ်ကို အဟင့် အစ်ကို တကယ်ပြောတာလား ကျနော် ကျနော် အစ်ကို့ကို ယုံတယ်"
"ဒါပေမဲ့ ဒါပေမဲ့ အစ်ကို ကျနော့်ကို ယုံလားဟင်"

"ကိုယ် ဒီဇင်ဘာ့ကို ယုံတယ် ယုံတာမို့ ဒီတစ်ပတ်အတွင်း လက်ထပ်ကြမယ် ဟုတ်ပြီလား"

"ဟုတ် ပါးပါးကိုရော ဘယ်လိုလုပ်မလဲဟင်"

"ဦးလေးကို ကိုယ်က လက်ခံတဲ့အထိ ပြောမှာမို့ ဒီဇင်ဘာကသာ ကိုယ့်ကို ယုံပေး"

"ဟုတ် ချစ်တယ် အစ်ကို"

"ကိုယ်ရောပဲ အရမ်းချစ်တယ် ကိုယ်ကအရမ်းချစ်တာမို့ ဒီဇင်ဘာက ဘာမှဖြစ်လို့မဖြစ်ဘူး နောက်တစ်ခါ အခုလို မလုပ်ပါနဲ့ "

သူ ‌ဒီဇင်ဘာ့ဆံပင်တွေကို ပွတ်သပ်ရင်း ဒဏ်ရာရနေတဲ့လက်ကို ဖွဖွဆုပ်ကိုင်ကာပြောတော့ ခေါင်းညိတ်ပြတယ်။ လေးထောင့်အပြုံးလေးပြုံးပြပြီး သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို ကျန်တဲ့လက်တစ်ဖက်နဲ့ လှမ်းသုတ်ပေးတယ်။
ဒီဇင်ဘာ့ပါးပြင်ကိုငုံ့နမ်းရင်း သူ့မျက်နှာနဲ့ဖိကပ်ထားမိတယ်။

"ကဲ ထတော့ ကလေး အိမ်ကို လိုက်ပို့မယ်"

"အွန်း ညစာကရော"

"အိုး ညစာက‌တော့ ကိုယ့်ကိုပဲစားတော့"

"အစ်ကိုနော်"

"စတာပါ ကလေးရဲ့ ကလေးတို့အိမ်မှာပဲ စားမယ်လေ လမ်းကျမှ ဝင်ဝယ်တာပေါ့"

"ပြီးရော"

နှုတ်ခမ်းဆူပြီးပြောတဲ့ ဒီဇင်ဘာက မထိရက်စရာ နှင်းပန်းလေးလိုပဲ။

"သွားကြရအောင်"

ဒီဇင်ဘာ့ခါးလေးကိုဖက်ပြီး အောက်ကိုဆင်းလာတော့ အပြင်ကပြန်လာတဲ့ ဂျီမင်းနဲ့ တွေ့တယ်။

"Hey ညီ ဘယ်ကပြန်လာတာလဲ"

"သူငယ်ချင်းနဲ့ သွားတွေ့တာ အစ်ကိုကရော"

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedDove le storie prendono vita. Scoprilo ora