ချစ်သော ဒီဇင်ဘာ(Dear December)-11

2.9K 270 2
                                    


ဂျောင်ကု ဒီနေ့ ဆိုင်ကို မလာဖြစ်တော့ဘူးဆိုတာ ဖုန်းဆက်ပြီး ဒီဇင်ဘာ့ကို အိပ်ရာနှိုးရတယ်။
သူ့ကို အိပ်မှုံစုံဖွားနဲ့ ထကြည့်ပြီး ပြန်လှဲအိပ်သွားတဲ့ဒီဇင်ဘာကြောင့် ခါးကို ကလိထိုးတော့မှ တွန့်လိမ်ပြီး ထလာတယ်။

သူ့ကို စောင်ကြည့်နေတာမို့ မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ မျက်စောင်းထိုးကာ ရေချိုးခန်းထဲ ဝင်သွား‌လေတယ်။ မနက်စာအတွက် Hot Chocolate နဲ့  ကိုယ်တိုင်လုပ် Hamburger ကို အသင့်ပြင်ထားပေးပြီး သူ အဝတ်အစားလဲလိုက်တယ်။ ဒီဇင်ဘာ့အတွက် တော်လောက်မယ့် အင်္ကျီတစ်စုံလည်း ထုတ်ပေးထားရတယ်။

မနက်စာတူတူစားဖို့ စောင့်နေရင်း သိပ်မကြာခင် စားပွဲမှာလာထိုင်တဲ့ ဒီဇင်ဘာက အမေးနဲ့ စတင်တယ်။

"အစ်ကို အလုပ်မသွားဘူးလားဟင်"

"အင်း အလုပ်က ဒီနေ့ မသွားတော့ဘူး ဒါပေမဲ့ သွားရမယ့်နေရာရှိတယ် မနက်စာအရင်စားရအောင်"

"ဘယ်သွားမှာလဲဟင်"

သိချင်စိတ်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်ပြီး မေးလာတယ်။

"စားပြီးမှ ပြောမယ်"

သူ ပြောလိုက်တော့  Hamburger ကို မြန်မြန်စားပြီး Hot Chocolate နဲ့ မျှောချနေတာကြောင့် ငိုရခက် ရယ်ရခက်ပါပဲ။

"ဖြည်းဖြည်း ဖြည်းဖြည်းစားပါ ဒီဇင်ဘာရယ် နင်ကုန်တော့မယ်လေ"

မနက်စာစားပြီးတော့ သူ့ကို စိုက်ကြည့်နေတာကြောင့် သူ စကားစဖို့ အတော်စဉ်းစားနေရတယ်။ ဘယ်လိုပြောရင် သူ့က‌လေး နားဝင်လွယ်မလဲ။

"ဒီဇင်ဘာ ကိုယ့်ကို ယုံကြည်လား"

ချစ်လားလို့ မမေးဘဲ ယုံကြည်လားလို့ မေးတော့ သူ့မျက်လုံးထဲကို စိုက်ကြည့်နေပြီးမှ ဖြေလာတယ်။

"ကျနော် အစ်ကို့ကို ယုံတယ်"

"ဟုတ်ပြီ ဒါဆို ဒီဇင်ဘာ့အမေကို သွားတွေ့ရအောင်"

သူတို့နှစ်ယောက်ကြား အတော်ကြာတိတ်ဆိတ်သွားတယ်။ ခဏကြာမှ ဒီဇင်ဘာ့ဘက်က စကားစလာတယ်။

"မားမားက အစ်ကို့ကို သဘောမကျဘူး"

"အင်း ကိုယ့်ကို သဘောမကျပေမဲ့ ဒီဇင်ဘာ့ကို ချစ်တယ်လေ နေမကောင်းဘူးဆိုတော့ သွားတွေ့ရမယ်လေ ဒီဇင်ဘာ့အမေကို ကိုယ်လည်း လိုက်ခဲ့ပေးမှာ "

ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #CompletedWhere stories live. Discover now