Believe 4

6.2K 384 0
                                        

Zaw

"ဟိုမှာမင်းနေရာ..အဲ့မှာထိုင်ပြီး အလုပ်လုပ်ရမှာ" ဦးဟိန်းကပြောရင်း အခန်းထောင့်နားကို ညွှန်ပြတာကြောင့် ပိုင် ခေါင်းတစ်ခုလုံးထူပူသွားသည်။
*ဘာ..ငါ..ငါ...သူဌေး နဲ့အခန်းထဲ သုံးရမှာလား!!*

ပါးစပ်အဟောင်းသားလေး ဖြစ်နေသော ပိုင့်ကိုကြည့်ပြီး ဦးဟိန်းလဲ
"အဆင်မပြေတာ ရှိလို့လား..."
"အာ..မ..မရှိပါဘူး..ဟီး..အဆင်ပြေပါတယ်..."

"သွားထိုင်တော့ ပစ္စည်းတွေလဲ ရွှေ့ပြီးပြီ..."
"ဟုတ်ကဲ့ သူဌေး..."
"Stop...ခဏလေး သူဌေးလို့မခေါ်နဲ့ ဦးဟိန်းလို့ခေါ်..."

မထင်မှတ်ထားသော စကားကြောင့် ပိုင်ထက်ပြီးအံ့သြသွားရပြန်သည်။
"ဟင်...အော်...ဟုတ်ကဲ့..ဦး..ဦးဟိန်း..."
"အင်း သွားတော့.."

ပိုင် ပြိုင်မငြင်းရဲပါ။ နဂိုထဲက ပြုတ်ဆော်နံနေတာ ထငြင်းလိုက်လို့ အလိုမကျဘဲ အလုပ်ဖြုတ်လိုက်မှဖြင့်....

ပိုင် အခန်းထောင့်က စားပွဲကို ကုတ်ကုတ်လေး လမ်းလျှောက်သွားတာကြည့်ရင်း ဦးဟိန်း ရယ်ချင်စိတ် တဖွားဖွား....

ရောက်ရောက်ချင်း မိမိအား ကူပေးမဲ့သူရဲ့ fileကို ယူကြည့်လိုက်မိသည်။ ပိုင်ဇင်ထွန်းတဲ့ အသက်က ၂၃ ဓာတ်ပုံလေးကိုကြည့်လိုက်တော့ မိမိမျက်နှာမှာ မထင်မှတ်ထားသော အပြုံးတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်။

မိမိအား လူတောင်အပြင်မှာ မမြင်ဖူးသေးဘဲ ဓာတ်ပုံလေးတစ်ပုံကို ကြည့်ရင်း ပထမဆုံး ပြုံးအောင် လုပ်နိုင်သော လူသားလေးပင်....

ဘာစိတ်ကူးပေါက်သွားလဲ မိမိကိုယ်တိုက်တောင်မသိ သူလေးကို တစ်ခန်းထဲအတူတူ အလုပ်လုပ်စေချင်တာကြောင့် နေရာတစ်ခုစာ အမြန် ဝနကို ပြင်ဆင်ခိုင်းလိုက်သည်။

အချိန်ကြည့်တော့ ရုံးတတ်ချိန်လဲ လိုသေးတာကြောင့် မန်နေဂျာရုံးခန်းထဲ အပြင်ဘက် ပတ်ဝန်းကျင်ကိုကြည့်ရင်း ဒီကောင်လေး အကြောင်းပဲ တွေးနေမိသည်။

မထင်မှတ်ပဲ ရုံးခန်းထဲ တံခါးမခေါက်ပဲ အလောတကြီး ဝင်လာပြီး စကားတွေပြောနေသော လူတစ်ယောက်...နောက်တော့ မိမိအကြောင်းလဲ ပါလာတာကြောင့် သေချာတယ် ဒါ ဒီကောင်လေးပဲ ဖြစ်ရမယ်။

Believe (Complete)Where stories live. Discover now