Zaw
"ငါတို့ လမ်းခွဲရအောင်..." ပိုင့်စကားကို စွမ်း အံ့သြရိတ်တောင်မပြ....
"အင်း..." ကျောပြင်နှစ်ခုလုံး ကျောခိုင်းသွားခဲ့သည်။ဒီကိစ္စမှာ ပိုင်မှားတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဝန်ခံပါရစေ။ စိတ်ကစားတာကို အလိုလိုက်ကာ ပိုင် နောက်တစ်ယောက် ထားခဲ့မိသည်။
ဒါပင်မဲ့ ပိုင် လှေလံနှစ်ဖက်နင်းသူမဟုတ်...စွမ်းကို ပိုင်သေချာမစဉ်းစားဘဲ ခဏတာ စိတ်ကစားတာကို ဦးစားပေးမိသည်။
နောက်တစ်ယောက်နဲ့ တွဲသော်လဲ ဝန်ခံရရင် တဖြည်းဖြည်း ပိုင်မပျော်လာခဲ့ဘူး။
နောင်တတွေ...ပိုင်...နောင်တတွေအများကြီးရခဲ့တယ်။ သူငယ်ချင်းကနေ ချစ်သူဖြစ်သွားပြီး ခုတော့ပြတ်ဆဲသွားတဲ့သူတွေက အရင်ကထက် ပိုစိမ်းနေတာ အမှန်ပဲလား။
ဒီလိုနဲ့ ပိုင်တို့ ၉တန်းသို့ ရောက်လာခဲ့ပြီ....
စွမ်းက Bioမို့ Aခန်းမှာတတ်ရသည်။
ပိုင်က Ecoမို့ Cခန်းမှာတတ်ရသည်။ ၈တန်းမှာလဲ ကျူရှင်တူလာခဲ့တဲ့ ပိုင်တို့နှစ်ယောက်ကို ကံကြမ္မာကြီးက ပိုင့်ကို နောက်တစ်ခေါက် အခွင့်အရေးပေးသည်လား....၉တန်းလဲ ကျူရှင်တူတူတက်ရသော ပိုင်တို့နှစ်ယောက် အရင်လောက်မစိမ်းတော့ဘဲ ခင်မင်လာခဲ့ပြန်သည်။
ပိုင့်အတွက် စဉ်းစားချိန်တွေ အများကြီးရခဲ့တယ်။ ပိုင့်နောက်တစ်ယောက်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ ပိုင်တို့ ပြတ်ခဲ့ကြတာလဲ ကြာပြီ....ပိုင် စွမ်းနဲ့ အရင်လို ပြန်နေချင်တာ ပိုင်မမှားဘူးမှတ်လား။ ဒီအတောအတွင်း ပိုင်သေချာစဉ်းစားခဲ့ပါပြီ ဒီတစ်ခေါက်တော့ စွမ်းဘေးနား ပိုင် တစ်သက်လုံး မခွဲဘဲ နေတော့မယ်။
ပိုင် စွမ်းကို တကယ်ချစ်တယ်.....
ပိုင်အရဲစွန့်ပြီး စွမ်းကို ပြောကြည့်တယ်။ စွမ်းဘက်က ပြန်ပြောတဲ့စကားက
"မင်းသာ ပြန်လာမယ်ဆိုရင် ငါကအမြဲတမ်း လက်ခံပြီးသားပါ ဘာလို့ဆို အဲ့တာ မင်းကိုချစ်လို့...."ပိုင်အရင်ကမှားခဲ့တာတွေ တကယ်နောင်တရသည်။ ပိုင်ဆုံးဖြတ်ပြီးပါပြီ။ ပိုင်မှားခဲ့တာတွေအားလုံးအတွက် အခုချိန်ကစပြီး စွမ်းကို အရင်ကထက် ပိုချစ်တော့မယ် တစ်ဘဝလုံးစာပေါ့......

YOU ARE READING
Believe (Complete)
DragosteZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???