Zaw
"စိတ်ဆိုးသွားတာလား...ဟား...စိတ်မဆိုးပါနဲ့ဟာ ငါပြောပြပါ့မယ်....BLတွဲလို့ သူတို့ကပြောတာ BLဆိုတာက နင်နားလည်အောင်ပြောရရင် ယောက်ျားလေးအချင်းချင်း ချစ်ကြိုက်တာပေါ့ဟာ...."
ပိုင်ပြောတာကို သေချာတွေးတောနေသော ဂွတ်ထော်ကြောင့် ပိုင်ရယ်ချင်သွားသည်။
"ဟို ပိုင်ပြောတာက မိန်းကလေးနဲ့ယောက်ျားလေး ချစ်ကြိုက်လိုပဲလား""ဟုတ်တာပေါ့ တစ်ခုပဲကွာတာက နှစ်ယောက်လုံးက ယောက်ျားလေး ဖြစ်နေတာပဲ..." ခေါင်းလေး တညှိမ့်ညှိမ့်နဲ့ ဂွတ်ထော်...ပြီးမှ သဘောပေါက်သွားပြီး
"ဒါဆို အဲ့လူကြီးနဲ့ပိုင်နဲ့က ချစ်နေကြတာပေါ့..."ပိုင်မှာ မြည်းကြည့်နေသော စွတ်ပြုတ်တောင် အပူလောင်သွားပြီး...
"အမလေး ပူလိုက်တာ.." လျှာလေးကိုထုတ်ပြီး အအေးခံနေသော ပိုင်ကြောင့် ဂွတ်ထော်လဲလန့်သွားကာ..."ဟယ်...ပိုင်ရယ်...အဲ့တာကြောင့်ပြောတာ ကျုပ်လုပ်ပါမယ်လို့...." အိုးထဲက ရေတစ်ခွက်ခပ်ပြီး ပိုင့်ကို တိုက်နေတုန်း....
"ဘာလုပ်နေကြတာလဲ! !!!!"အနောက်က အော်သံကြောင့် ရေတိုက်နေသော ဂွတ်ထော်မှာ လန့်ပြီး ရေခွက်တောင်ပြုတ်ကျသွားကာ...
"အမလေး!!!သရဲ...."
"ဦးဟိန်း..... ""လာ သွားမယ် ကလေး...." ပိုင့်လက်ကို ဆွဲကာ အတင်းထွက်သွားသော ဦးဟိန်းကြောင့် ပိုင့်မှာ ဂွတ်ထော်ကို စွပ်ပြုတ်ကိုကျက်ရင် ယူလာပေးဖို့ အမြန်မှာရသည်။
အိမ်ပေါ်ရောက်တဲ့ထိ တရှူးရှူးဖြစ်နေသော ဦးဟိန်းကြောင့် ပိုင်လန့်နေသည်။ ပြတင်းပေါက်ကို မျက်နှာမူပြီး ခါးကိုထောက်ထားကာ အသက်ရှူတွေမြန်နေသော ဦးဟိန်းကို ပိုင် ဘာပြောရမယ်မှန်းမသိ...
မသိရင်အခုဟာက ပိုင်မှာ နောက်တစ်ယောက်ထားလို့ မိသွားသော ပုံစံဖြစ်နေတာကြောင့် ကိုယ့်ကိုကိုယ်တောင် မလုံချင်တော့...
"ဘာလို့လဲ ကလေး...."
"ဦးဟိန်းဘာကိုဆိုလိုချင်တာလဲ....""ဦးကို မချစ်နိုင်ဘူးလား...... " မိမိအားကျောပေးထားသော ဦးဟိန်းကို မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး
"ခုနက ကိစ္စဆိုရင်တော့ အထင်လွဲတာပဲ ဒါမှမဟုတ် ကျွန်တော့်စိတ်ကို မေးတာဆိုရင်တော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်"

YOU ARE READING
Believe (Complete)
RomanceZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???