Zaw
"ဦးဟိန်း....လယ်ကွင်းလေးတွေက တကယ်လှတယ်နော်...ဟိုးမှာတောင်တန်းကြီးတွေနဲ့....လေကောင်းလေသန့်လဲရတယ်...."
ပိုင် ဦးဟိန်းအား လယ်ကွင်းထဲသို့ခေါ်သွားပြီး လေကောင်းလေသန့်ရှူစေသည်။
"ဟင်..." မထင်မှတ်ထားသောဖြစ်ရက်...ပိုင်လယ်ကွင်းထဲ ကြည့်နေရင်း ငိုင်သွားသည်။
"ဦးဟိန်း..." ဘာစကားမှပြန်မပြောသော်ငြား ဦးဟိန်းမှာ ခု ပိုင့်ပါးတစ်ဖက်ကို နမ်းလိုက်သည်။ ပြီးတော့ သူမဟုတ်သလို ပိုင့်အား သေချာစိုက်ကြည့်နေသည်။
ဘာပဲပြောပြော ဦးဟိန်း မမှတ်မိဘဲ စကားကိုလဲ တစ်ခွန်းတစ်လေသာဆိုတယ်။ ခုမိမိပါးကိုနမ်းလိုက်တယ်....
"ဦးဟိန်း..."
"ချစ်ဖို့ကောင်းလို့..."မျက်လံးချင်း စုံနေတဲ့အချိန်....တကယ်ကိုရင်ခုန်ဖို့ကောင်းတယ်.....လောကကြီးတစ်ခုလုံးရပ်တန်းသွားသည့်အလား....
ခဏမျှအကြည့်ချင်းဆုံလိုက်ပြီး ဦးဟိန်းဘက်က စပြီး မျက်နှာလွှဲကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။ အခုအခြေအနေက ဘယ်လိုကြီးတောင်လား...မိမိကလဲ အနမ်းခံရသေးတယ် ခုက မိမိလဲကျန်ခဲ့သေးတယ် ဘယ်လိုတွေတောင်လား.....
.
.
"ငါတို့Bossကတော့ လက်သွက်ချက်" ပိုင်တို့အား ခတ်အလှမ်းလှမ်းတစ်နေရာမှ ကြည့်နေသော ဝနက အားရစွာ လက်သီးလက်မောင်းတန်းရင်း ပြောလိုက်ခြင်းဖြစ်သည်။"အမလေး....အသားယူရင် အသားယူတယ်ပေါ့။" မိုးသစ်က မဲ့ကာရွဲ့ကာ ပြောနေပင်မဲ့ ဝနမျက်လုံးထဲတော့ တကယ်ကိုချစ်စရာကောင်းသော ပန်တာလေးအလား...
"အားယိုး....ညီကလဲ ချစ်ဖို့ကောင်းတာ..... ကိုလဲ Bossလိုတစ်ခေါက်လောက်နော်..." နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်ကာ ခွင့်တောင်းနေသောကြောင့် မိုးသစ်မှာ ကျောပင်ချမ်းသွားသည်။
"သေလိုက်!!! အဲ့လိုပြောရအောင် ကျွန်တော်က ခင်ဗျားရည်းစားလား...ကျွန်တော်ကအဖြောင့်ဗျ!!!" အသားကုန်အော်ပြီး ပြေးထွက်သွားသော မိုးသစ်ကိုကြည့်ရင်း ဝနအော်သာရယ်နေမိသည်။
"ဟုတ်ပါပြီ အဖြောင့်လေးရာ....ညီ မသိသေးတာက ညီညက ကို့ရင်ခွင်ထဲမှာ အိပ်ပျော်ခဲ့တဲ့ အဖြောင့်လေးပေါ့......."

YOU ARE READING
Believe (Complete)
Storie d'amoreZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???