Zaw
"ငါ့ရဲ့ ဆိုင်သူ..."
နှုတ်ဆက်မဲ့စကားတွေတောင် ပိုင့်ပါးစပ်ထဲ တစ်ဆုတ်သွားအောင် လုပ်သူကတော့ ဦးဟိန်းပင်..."ဟယ်!!"
"ဟင်!!" နှစ်ယောက်လုံးဆီမှ အံ့သြမှုများကို ဦးဟိန်းသေချာကြည့်လိုက်ပြီး
"ငါ့ company ဝန်ထမ်းက ငါ့နဲ့မဆိုင်ဘူးလား..."
ဦးဟိန်းစကားက မှန်ပါတယ် ဒါပင်မဲ့ ပိုင့်စိတ်ထဲ ဘာဖြစ်သွားမှန်းမသိ...."သြော်... မသိဘူးလေ ဟိန်းရယ်... ဒါနဲ့ ဘာကိစ္စ.."
"အင်း မြို့ပြင်ဘက်ကို seenတစ်ခုကြောင့် တာဝန်ခံသွားလုပ်ပေးရမှာ...၃ညအိပ်ပဲ ကြာမှာ အဲ့အတွက် အဝတ်အစားစီစဉ်ပေး....""အဲ့တာလား shootingတာဝန်ခံကိစ္စဆိုတော့ ပေါ့ပေါ့ပါးပါးပေါ့ ခဏလေးစောင့်..."
"နှစ်ယောက်စာနော် သူ့အတွက်ရောပဲ..."ဦးဟိန်းစကားကြောင့် ပိုင်လဲ အံ့သြသွားပြီး
"မ..မဟုတ်ဘူး ကျွန်တော်က အိမ်ပြန်သယ်မှာ..."
"ဘယ်သူက ခွင့်ပြုမယ်ပြောလို့လဲ...""နှစ်ယောက်စာ စီစဉ်ပေး D"
"Ok...ကောင်လေး လာလိုက်ခဲ့ အတိုင်းယူမယ်..ဟိန်းကတော့ အရင်အတိုင်းပဲ တိုင်းစရာမလိုမှန်းသိတယ် ထိုင်စောင့်နေနော်..."ပိုင့်လက်ကိုဆွဲကာ Dအထဲကိုဝင်သွားပြီး အတိုင်းယူကာ အဝတ်တွေရွေးပေးခဲ့ပြီး အမြန်ပြန်ထွက်လာလိုက်သည်။ စပ်စုချင်တာပေါ့.....
"အမလေး ဟိန်းရေ...ငါဖြင့်သိချင်နေတာ ပြောစမ်းပါအုံး..... " Dဆိုတာ ဦးဟိန်းနဲ့ အသက်ရွယ်တူပင်။ မျိုးရိုးစဉ်ဆက် ဦးဟိန်းတို့မိသားစု အဝတ်အစားတွေ ပွဲတတ်ဝတ်စုံတွေကို Dတို့မိသားစုကပဲ စီစဉ်ပေးခဲ့တာ။
ဦးဟိန်းနဲ့Dဆိုတာကလဲ ငယ်ငယ်ထဲက ခင်လာတဲ့မိတ်ဆွေတွေ။ Dက ဦးဟိန်းကို ငယ်ငယ်လေးထဲက စတတ်နောက်တတ်တာကြောင့် မသိတဲ့သူ အများအမြင်မှာဆို ဦးဟိန်းနဲ့Dက ဘာလိုလိုပင်။
ဦးဟိန်းကလဲ စနေမှန်းသိတာကြောင့် ဘာမှမပြောခဲ့ပေ။
"နင်က သိချင်တယ်လား..."
"ပြောမှာပြောစမ်းပါဟယ်...ငါတော့ နင်မရိုးဘူးဆိုတာ ရိတ်မိတယ်..."
"အေးဟုတ်တယ် အဲ့ကလေးကို ငါသဘောကျနေတာ..."

YOU ARE READING
Believe (Complete)
Storie d'amoreZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???