Zaw
"အား..အား....တောင်း..ပန်ပါတယ်...." တိတ်ဆိတ်သောအခန်းထဲတွင် ခြောက်ကပ်စွာထွက်ပေါ်လာသော အမျိုးသမီးတစ်ဦး၏ မချိမဆန့်အော်သံ....
"ဘယ်လိုလဲ...ကြိုက်ရဲ့လား..."
"ဟင့်အင်း...တောင်းပန်ပါတယ် ကျွန်မကိုလွှတ်ပေးပါ..ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ.....ပြန်မပြောပါဘူး စိတ်ချပါ...."တောင်းပန်စွာပြောနေပင်မဲ့ ခုံတွင်ထိုင်နေသောသူကတော့ အေးဆေးသောအကြည့်နှင့် ကြည့်နေစဲပင်...
"မင်းဒီလိုတွေမဖြစ်အောင် အစောကြီးထဲက ငါ့အပိုင်ကလေးကို မထိသင့်တာ...."
လက်သည်းခွံတွေနှစ်ဖက်လုံးမရှိသော လက်ဖြင့် ဦးဟိန်းခြေထောက်ကိုကိုင်လိုက်ပြီး.."ခွင့်လွှတ်ပေးပါ...တောင်း...ပန်ပါတယ်.... "
"ဖယ်စမ်း!!!! သူ့ကို အပြတ်ရှင်းလိုက်တော့..."
"ဟုတ်ကဲ့...""ဟင်...မလုပ်ပါနဲ့ မလုပ်ပါနဲ့!!!!!" အော်ဟစ်စွာကျန်ခဲ့သော ရတီသာ...ကိုယ်ပေါ်တွင်လဲ သွေးများက စီးလျက်...
_____________"ဘာလိုချင်တာလဲ..."
"ဗျာ..." ဧည့်ခန်းထဲတွင် ခြေချိတ်ထိုင်နေသော ဦးမင်းထက်က မိမိရှေ့တွင် ကြုံကြုံလေးထိုင်နေသော ပိုင့်အား မေးလိုက်ခြင်းဖြစ်သည်။"မင်း...ငါ့သားဘေးမှာရှိတာ ဘာလိုချင်လို့လဲ...."
"ကျွန်တော့်မှာ ဦးဟိန်းနဲ့ပတ်သတ်ပြီး ချစ်ခြင်းကလွဲလို့ ကျန်တာမလိုချင်ပါဘူး..." ပိုင်စိတ်ရင်းနဲ့ ပြောလိုက်ခြင်းဖြစ်သည်။"ဟက်...ငါ့သားအနားကပ်ပြီးဆို သူ့ဆီက လူတွေက လိုချင်တာတွေများနေလို့ပဲ....ဘာလဲ မင်းလိုချင်တာက အကြီးကြီးမို့လား..."
ဒါပိုင့်သိက္ခာကို အတော်စော်ကားလိုက်ခြင်းဖြစ်သည်။ ဒါတော့ ပိုင်ငြိမ်ခံနေမဲ့ထဲမှာမပါ...
"ကျွန်တော်က အခြားလူတွေနဲ့ တူတာမတူတာ ကျွန်တော်ဂရုမစိုက်ဘူး...ဒါပင်မဲ့ ကျွန်တော်သိတာ..ဦးဟိန်း ကျွန်တော့်ကိုချစ်တယ်...ကျွန်တော်လဲ ဦးဟိန်းကိုချစ်တယ်....""မင်းရုပ်ရှင်ရိုက်နေတာလား....ဒါတွေရိုးနေပြီ စိတ်ချပါ သားကိုပြန်မပြောဘူး လိုချင်တဲ့ပမာဏသာပြော..."
"အဖေ!!!"

YOU ARE READING
Believe (Complete)
RomanceZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???