Believe 25

4K 246 10
                                        

Zaw

လက်ထဲက အသံဖမ်းစက်လေးကို ခုံပေါ်တင်လိုက်ပြီး ခလုတ်ဖွင့်လိုက်သည်။
"ငါအရူးလား စွမ်း...ဦးဟိန်းကို ငါက ချစ်စရာလား။ ငါ့ပန်းတိုင်ဖြစ်တဲ့ အဲ့ဒီ့ company ကြီးကို ငါ့လက်ထဲရောက်အောင်ယူချင်တာလေ။ အချိန်တန် မင်းရင်ခွင်ထဲပဲ ငါရောက်လာမှာပါ စွမ်းသာစိတ်ချနေ"

နားထောင်နေရင်း ဦးဟိန်းမှာ ငိုင်သွားသည်။ သေချာတာပေါ့ ဒါက မိမိ၏ကလေး ပိုင့်ရဲ့အသံဆိုတာ....

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး အသံကိုထိန်းကာ...
"ဒါကို ယုံခိုင်းနေတာလား"

စွမ်း ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီး
"သဘောလေ...မယုံရင် မနေ့က ကျွန်တော်နဲ့ပိုင် cafeဆိုင်တစ်ဆိုင်မှာ စကားပြောခဲ့ကြတယ်။ ခင်ဗျားစုံစမ်းကြည့်လိုက်ပေါ့ ဒီလောက်ကတော့ ခင်ဗျားအတွက်ပမွှားပါ...."

"နေစမ်းပါဦး မင်းက ဘာကိစ္စကြောင့် ငါ့ကိုဒါလာပြတာလဲ"

ဦးဟိန်းမေးတာကို စွမ်းခပ်ဟဟရယ်လိုက်ပြီး
"ဟက်....ဒါလား ရှင်းရှင်းလေးလေ ပိုင့်ကို ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ခင်ဗျားအနားမှာ မထားချင်လို့။ ပိုင်က နောက်ဆုတ်တော့မဲ့ ပုံမပေါ်ဘူးလေ အဲ့တာကြောင့် ကျွန်တော် ခင်ဗျားကိုပဲ လာပြောရတာပေါ့..."

ဦးဟိန်း ရင်ဘက်ထဲတွင် ဗြောင်းဆန်ကုန်သည်။ တကယ်ပဲ ကလေးက မိမိအပေါ် ဒီလိုလုပ်ရက်တာလား....ရင်ထဲတွင် လိမ်ညာခံလိုက်ရသော ခံပြင်းမှု၊ လှည့်စားခံလိုက်ရသော ခံပြင်းမှု၊ ကိုယ်ချစ်ပင်မဲ့ သူ့ဘက်က ဟန်ဆောင်မှု......

"မင်းသွားတော့...." ပြတ်သွားစွာပြောလာသော ဦးဟိန်းစကားကို စွမ်းဘာမှပြန်မပြောတော့ဘဲ ရုံးခန်းထဲကသာ ထွက်သွားသည်။

ရုံးခန်းထဲတွင်တော့
'အုန်း...' ဆိုဖာလက်ရန်းပေါ်သို့ အရှိန်ပြင်းပြင်းကျရောက်သွားသော လက်သီးတစ်ချက်.....

ဝန ရုံးခန်းထဲသို့ ဝင်လာတော့ ဦးဟိန်း၏ ဒေါသအမှောင်ဖုံးလွှမ်းနေသော မျက်နှာကြောင့် တစ်ခုခုဖြစ်နေပြီဆိုတာသိလိုက်ပြီ....

"Boss.."
"ဝန မနေ့က ကလေး အဲ့အကောင်နဲ့ ဘယ်cafeသွားလဲ စုံစမ်း အခုချက်ချင်းနော်!!!"
"ဟုတ်ကဲ့ Boss"

Believe (Complete)Where stories live. Discover now